ဤအတောအတွင်း၌ရှောလုသည် သခင် ဘုရား၏တပည့်တော်တို့အားသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်နေ၏။ သူသည်ယဇ်ပုရော ဟိတ်မင်းထံသို့သွားပြီးလျှင်၊-
လိမ်လည်ခြိမ်းခြောက်သည့်ရန်သူများ၏လက်တွင် ကျွန်တော်မျိုးကိုစွန့်ပစ်၍ထားတော်မမူပါနှင့်။
သူ့ကိုမြို့ပြင်သို့ဆွဲထုတ်ပြီးနောက်ကျောက်ခဲ နှင့်ပေါက်ကြ၏။ အသိသက်သေများသည်မိမိ တို့ဝတ်လုံများကိုရှောလုနာမည်ရှိသူ လူငယ် လူရွယ်တစ်ယောက်အားအပ်ထားကြ၏။-
သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
ငါသည်တမန်တော်တို့တွင်အညံ့ဆုံးဖြစ်၏။ ဘုရားသခင်၏အသင်းတော်ကိုနှိပ်စက်ညှဉ်းဆဲ ခဲ့သူဖြစ်သဖြင့် တမန်တော်ဟူ၍ပင်အခေါ် မခံထိုက်။-
ငါသည်ယုဒဘာသာတရားကိုကြည်ညိုလေး စားသူဖြစ်ခဲ့စဉ်အခါက မည်သို့ကျင့်ကြံပြုမူ ခဲ့ကြောင်းကိုသင်တို့ကြားသိကြပြီးဖြစ်၏။ ငါ သည်ဘုရားသခင်၏အသင်းတော်ဝင်တို့ကို ရက်စက်ကြမ်းကြုတ်စွာညှဉ်းဆဲ၍ အသင်းတော် ကိုဖျက်ဆီးရန်အစွမ်းကုန်ကြိုးစားခဲ့၏။-
ဘာသာရေးစိတ်အားထက်သန်မှုဘက်၌ဆိုသော် အသင်းတော်ကိုညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်၏။ ပညတ်တရားကိုလိုက်နာကျင့်သုံးမှုအရ ဆိုသော်ငါသည်အပြစ်ဆိုဖွယ်မရှိသူဖြစ်သည်။-