Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:35

Common Language Bible

ဖိ​လိပ္ပု​သည်​ထို​ကျမ်း​ပိုဒ်​နှင့်​ပင်​အ​စ​ပြု​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​ကို ဟော​ပြော​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ကိုယ်​တော်​သည်​သူ​တို့​အား​အောက် ပါ​အ​တိုင်း​ဟော​ပြော​သွန်​သင်​တော်​မူ​၏။

ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မော​ရှေ​ကျမ်း​မှ အ​စ​ပြု​၍​ပ​ရော​ဖက်​ကျမ်း​အား​လုံး​တွင် ကိုယ်​တော်​အ​ကြောင်း​နှင့်​ပတ်​သက်​သည့်​ကျမ်း ပိုဒ်​များ​ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ရှင်​လင်း ၍​ပြ​တော်​မူ​၏။

ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကယ်​စင်​စစ်​ဘု​ရား သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​ထောက်​တော် မ​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​ရှိ​နား​လည်​လာ ၏။-

သို့​ရာ​တွင်​သူ​တို့​အ​ထဲ​တွင်​သ​ခင်​ယေ​ရှု ကို​ယုံ​ကြည်​သူ ကု​ပ​ရု​ပြည်​သား​နှင့်​ကု​ရေ နေ​ပြည်​သား​အ​ချို့​ပါ​၏။ သူ​တို့​သည်​အန္တိ အုတ်​မြို့​သို့​သွား​၍ လူ​မျိုး​ခြား​တို့​အား​လည်း သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​ကြေ​ညာ​ကြ​၏။-

ဧ​ပိ​ကု​ရု​နှင့်​သ​တော​အိပ်​ဟု​ခေါ်​သော အ​တွေး​အ​ခေါ်​ပ​ညာ​ရှင်​အ​ချို့​တို့​သည်​လည်း ပေါ​လု​နှင့်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​၏။ ထို သူ​အ​ချို့​တို့​က ``ဤ​စ​ကား​အိုး​သည်​အ​ဘယ် အ​ရာ​ကို​ပြော​ဆို​နေ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။ အ​ခြား​သူ​များ​က ``သူ​သည်​လူ​မျိုး​ခြား​တို့​၏ နတ်​ဘု​ရား​များ​အ​ကြောင်း​ကို ပြော​ဆို​နေ​ဟန် တူ​၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​ဤ​သို့​ပြော​ကြ ခြင်း​မှာ​ပေါ​လု​သည်​သ​ခင်​ယေ​ရှု​အ​ကြောင်း နှင့် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း တို့​ကို​ဟော​ပြော​နေ​သော​ကြောင့်​ဖြစ်​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​သူ​သည်​လူ​ထု​ရှေ့ ဆွေး​နွေး​ပွဲ​များ​တွင် ကျမ်း​စာ​တော်​မှ​အ​ထောက် အ​ထား​များ​ဖြင့် သ​ခင်​ယေ​ရှု​သည်​မေ​ရှိ​ယ ပင်​ဖြစ်​ကြောင်း​ကို ယု​ဒ​အ​မျိုး​သား​တို့​အား ပိုင်​နိုင်​စွာ​ချေ​ပ​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။

ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။-

ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ဝိ​ညာဉ်​ခွန်​အား သက်​ရောက်​ရာ​အ​ချိန်​ကာ​လ​ရောက်​လာ​လျက် သင်​တို့​အ​ဖို့​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​တည်း​ဟူ​သော​သ​ခင်​ယေ​ရှု ကို သင်​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-

နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​လည်း​ကောင်း၊ အိမ်​များ​တွင်​လည်း​ကောင်း​သ​ခင်​ယေ​ရှု​သည် မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို​ဆက်​လက်​၍ ဟော​ပြော​သွန်​သင်​ကြ​၏။

ထို​အ​ရာ​ရှိ​က``ပ​ရော​ဖက်​သည်​မည်​သူ​၏ အ​ကြောင်း​ကို​ပြော​ဆို​လျက်​နေ​ပါ​သ​နည်း။ မိ​မိ​၏​အ​ကြောင်း​လော၊ အ​ခြား​သူ​တစ်​ယောက် ၏​အ​ကြောင်း​လော၊ အ​ကျွန်ုပ်​အား​ပြော​ပြ​ပါ'' ဟု​ဖိ​လိပ္ပု​အား​ဆို​၏။-

တ​ရား​ဇ​ရပ်​များ​သို့​ချက်​ချင်း​သွား​ရောက် ၍ သ​ခင်​ယေ​ရှု​သည်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ဟော​ပြော​လေ​၏။

ငါ​တို့​က​မူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​သော​ခ​ရစ်​တော်​၏​အ​ကြောင်း​ကို​ဟော ပြော​ကြေ​ညာ​ကြ​၏။ ထို​အ​ကြောင်း​အ​ရာ​သည် ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​မ​နှစ်​မြို့​စ​ရာ၊ လူ​မျိုး​ခြား​တို့​အ​တွက်​အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ သည့်​အ​ရာ​ဖြစ်​၏။-

သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​သည် ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း၊ အ​ထူး​သ​ဖြင့်​လက် ဝါး​ကပ်​တိုင်​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော်​မူ သည့်​အ​ကြောင်း​မှ​လွဲ​၍ အ​ခြား​အ​ရာ​မှန် သ​မျှ​ကို​မေ့​ပျောက်​ပစ်​ရန်​စိတ်​ပိုင်း​ဖြတ် ထား​၏။-

ကော​ရိန္သု​မြို့​ရှိ​ချစ်​ဆွေ​တို့၊ ငါ​တို့​သည်​သင်​တို့ အား​ပွင့်​လင်း​စွာ​ပြော​ဆို​ခဲ့​ပြီ။ ငါ​တို့​၏​စိတ် နှ​လုံး​တံ​ခါး​ကို​သင်​တို့​အ​ဖို့​ကျယ်​စွာ​ဖွင့် ထား​ပြီ။-

ကိုယ်​တော်​၏​အ​ကြောင်း​ကို​အ​မှန်​ပင်​သင်​တို့​ကြား​နာ ကြ​ရ​ပြီ။ ကိုယ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သ​ခင် ယေ​ရှု​၏​သမ္မာ​တ​ရား​တော်​အ​ကြောင်း​ကို​သင်​ကြား ခဲ့​ကြ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ