Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:14

Common Language Bible

ယေ​ရု​ရှ​လင်​မြို့​ရှိ​တ​မန်​တော်​တို့​သည်​ရှ​မာ​ရိ ပြည်​သား​တို့ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ခံ​ယူ​ကြ​ကြောင်း​ကြား​လျှင် ပေ​တ​ရု နှင့်​ယော​ဟန်​တို့​ကို​သူ​တို့​ထံ​သို့​စေ​လွှတ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဗေ​သ​လ​မြို့​ရှိ​ယဇ်​ပလ္လင်​နှင့် ပတ်​သက်​၍​လည်း ကောင်း၊ ရှ​မာ​ရိ​မြို့​များ​ရှိ​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ထာ​ဝရ ဘု​ရား​အ​မိန့်​တော်​အ​ရ​ထို​သူ​ပြန်​ကြား​သည့် စ​ကား မှန်​သ​မျှ​သည်​မု​ချ​အကောင်​အ​ထည် ပေါ်​လာ​လိမ့်​မည်'' ဟု​ဆို​၏။

မြေ​ကောင်း​မြေ​သန့်​တွင်​ကျ​သည့်​မျိုး​စေ့​ကား တ​ရား​တော်​ကို​ကြား​၍​နား​လည်​သူ​တို့​ကို​ဆို လို​၏။ သူ​တို့​သည်​အ​ဆ​တစ်​ရာ၊ အ​ဆ​ခြောက် ဆယ်၊ အ​ဆ​သုံး​ဆယ်​အ​သီး​အ​နှံ​များ​ကို ဆောင်​ကုန်​၏'' ဟု​မိန့်​တော်​မူ​သည်။

ကိုယ်​တော်​က​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား ``ငါ တို့​စား​ရန်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​သွား​၍​ပြင်​ဆင် ကြ​လော့'' ဟု​ဆို​၍​စေ​လွှတ်​တော်​မူ​၏။

ငါ့​ကို​ပစ်​ပယ်​၍​ငါ​ဟော​ပြော​သော​စ​ကား​ကို မ​ခံ​မ​ယူ​သော​သူ​ကို​တ​ရား​စီ​ရင်​မည့်​သူ ရှိ​၏။ ငါ​ဟော​ပြော​သော​စ​ကား​သည်​ပင်​လျှင် ထို​သူ​ကို​နောက်​ဆုံး​သော​နေ့​၌ တ​ရား​သူ ကြီး​အ​ဖြစ်​ဖြင့်​တ​ရား​စီ​ရင်​လိမ့်​မည်။-

လူ​မျိုး​ခြား​များ​သည်​လည်း​ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ခံ​ယူ​ကြ​ကြောင်း ယု​ဒ​ပြည်​ရှိ​တ​မန်​တော်​များ​နှင့်​ညီ​အစ်​ကို များ​ကြား​သိ​ကြ​၏။-

ယေ​ရု​ရှ​လင်​မြို့​သို့​ဗာ​န​ဗ​တို့​ရောက်​ကြ သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ကွ​တ​မန်​တော် များ၊ အ​သင်း​တော်​လူ​ကြီး​များ​က​သူ​တို့​အား ကြို​ဆို​လက်​ခံ​သည့်​အ​ခါ မိ​မိ​တို့​အား​ဘု​ရား သ​ခင်​အ​သုံး​ပြု​တော်​မူ​ပုံ​အ​လုံး​စုံ​ကို​ပြန် ကြား​ကြ​၏။-

ဗေ​ရိ​မြို့​သား​တို့​ကား​သက်​သာ​လော​နိတ်​မြို့​သား တို့​လောက် တစ်​ယူ​သန်​စိတ်​ရှိ​သူ​များ​မ​ဟုတ်​ချေ။ သို့​ဖြစ်​၍​ပေါ​လု​ဟော​ပြော​သည့်​တ​ရား​တော်​ကို အ​လွန်​ကြည်​ညို​သော​စိတ်​ဖြင့်​နာ​ခံ​ကြ​၏။ သူ​တို့ သည်​ပေါ​လု​နှင့်​သိ​လ​တို့​ပြော​ကြား​သည့်​အ​တိုင်း မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန်​နေ့​စဉ်​နေ့​တိုင်း​ကျမ်း စာ​တော်​ကို​လေ့​လာ​ကြ​၏။-

လူ​အ​မြောက်​အ​မြား​ပင်​သူ​၏​တ​ရား​စ​ကား ကို​လက်​ခံ​ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​သ​ဖြင့် ထို​နေ့​၌​တ​ပည့်​တော်​အ​ရေ​အ​တွက် သုံး​ထောင်​မျှ​တိုး​လာ​၏။-

ထို​နေ့​မှ​စ​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို ပြင်း​ထန်​စွာ​ခံ​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ယု​ဒ​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​များ​သို့​ကွဲ​လွင့် သွား​ကြ​ကုန်​၏။ တ​မန်​တော်​များ​သာ​လျှင် ကျန်​ရစ်​ခဲ့​ကြ​၏။-

အ​သင်း​တော်​၏​မဏ္ဍိုင်​များ​ဖြစ်​ကြ​သော ယာ​ကုပ်၊ ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က​ငါ့ အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​ခွင့် ထူး​ကို အ​သိ​အ​မှတ်​ပြု​ကြ​ပေ​သည်။ သို့ ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​လုပ်​ဖော်​ကိုင် ဘက်​များ​ဖြစ်​ကြောင်း​ကို​ပြ​သည့်​အ​နေ ဖြင့် သူ​တို့​သည်​ဗာ​န​ဗ​နှင့်​ငါ့​အား​လက် ဆွဲ​၍​နှုတ်​ဆက်​ကြ​၏။ ငါ​တို့​က​လူ​မျိုး ခြား​တို့​ထံ​တွင်​အ​မှု​တော်​ဆောင်​ရန်​နှင့် သူ​တို့​က​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင် အ​မှု​တော်​ဆောင်​ရန်​သ​ဘော​တူ​ကြ​သည်။-

ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​ခါ​မ​လပ် ငါ​တို့​ချီး​မွမ်း​ကြ​သည့်​အ​ခြား​အ​ကြောင်း တစ်​ရပ်​မှာ ငါ​တို့​သည်​သင်​တို့​အား​ဟော​ပြော သော​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​လူ့ တ​ရား​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ​သင်​တို့ ကြား​နာ​ခံ​ယူ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​သင် တို့​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​လျက်​ရှိ​တော် မူ​သော​ကြောင့်​တည်း။-

ခ​ရစ်​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရာ​တွင် ငါ​တို့​နှင့်​အ​တူ​ဘု​ရား သ​ခင်​၏​အ​မှု​ကို​ဆောင်​ရွက်​သူ၊ ငါ​တို့​ညီ တိ​မော​သေ​အား​သင်​တို့​ထံ​သို့​စေ​လွှတ် လိုက်​ကြ​၏။ သင်​တို့​တွင်​အ​ဘယ်​သူ​မျှ မိ​မိ​တို့​ခံ​ရ​သည့်​ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကြောင့် ယုံ​ကြည်​ခြင်း​မ​ယိမ်း​မ​ယိုင်​ဘဲ​ခိုင်​မြဲ​စေ အံ့​သော​ငှာ သင်​တို့​ကို​အား​ပေး​တိုက်​တွန်း နိုင်​ရန်​သူ့​အား​ငါ​တို့​ကို​စေ​လွှတ်​လိုက်​၏။ ညှဉ်း​ပန်း​နှိပ်​စက်​မှု​ကို​ငါ​တို့​ခံ​ရ​သည်​မှာ ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​ဖြစ် ကြောင်း​သင်​တို့​ကိုယ်​တိုင်​သိ​ကြ​၏။-

ထို​နောက်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​မည့်​သူ​တို့ အား​ယုတ်​မာ​သည့်​နည်း​အ​မျိုး​မျိုး​ဖြင့်​လှည့်​စား လိမ့်​မည်။ ထို​သူ​တို့​သည်​ကယ်​တင်​ခြင်း​ရ​နိုင်​ရန် သမ္မာ​တ​ရား​တော်​ကို​နှစ်​သက်​လက်​ခံ​မှု​မ​ရှိ ကြ​သော​ကြောင့်​ယင်း​သို့​သေ​ကြေ​ပျက်​စီး​ရ ပေ​တော့​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ