သူတို့သည်ရှိမုန်၏မှော်အတတ်ကိုအံ့သြ လျက်နေခဲ့ကြသည်မှာကြာပြီဖြစ်သော ကြောင့် ဤသို့အာရုံစိုက်၍နားထောင်ကြ ခြင်းဖြစ်၏။-
ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
လူတို့သည်ဖတ်ရွတ်သရဇ္စျာယ်တတ်သူဗေဒင် ဆရာများနှင့် နတ်ဝင်သည်တို့အားစုံစမ်း မေးမြန်းရန်သင်တို့အားပြောကြလိမ့်မည်။ သူတို့က``လူတို့သည်အသက်ရှင်သူတို့ ကိုယ်စားသေသူတို့၏ဝိညာဉ်များကိုမေး မြန်းစုံစမ်းအပ်သည်'' ဟုဆိုကြလိမ့်မည်။
သူတို့သည်ထိုကျွန်းကိုဖြတ်၍ပါဖုမြို့ အထိလျှောက်သွားကြ၏။ ထိုမြို့တွင်ယုဒ အမျိုးသားမိစ္ဆာပရောဖက်ဖြစ်သောမှော် ဆရာတစ်ယောက်ကိုတွေ့ကြ၏။ သူ၏နာမည် မှာဗာယေရှုဖြစ်၏။-
ထိုမြို့၌ရှိမုန်ဆိုသူလူတစ်ယောက်ရှိ၏။ သူ သည်မိမိကိုယ်ကိုခေါင်းဆောင်ကြီးဟုဆိုကာ ရှမာရိအမျိုးသားတို့အားမှော်အတတ်ကို ပြ၍လွန်စွာအံ့သြစေ၏။-
အချင်းမိုက်မဲသောဂလာတိအသင်းတော် သားတို့၊ အဘယ်သူသည်သင်တို့အားပြု စားသနည်း။ လက်ဝါးကပ်တိုင်ပေါ်တွင်သခင် ယေရှုအသေခံတော်မူပုံကို သင်တို့မျက် မှောက်၌ရှင်းလင်းစွာပြခဲ့၏။-