တမန်တော်ဝတ္ထု 7:5Common Language Bibleထိုအခါကကိုယ်တော်သည်အာဗြဟံ အား ထိုပြည်တွင်ပစ္စည်းဥစ္စာတစ်စုံတစ်ရာ ကိုမျှပေးတော်မမူ။ မြေတစ်ပေပတ်လည် ကိုပင်ပေးတော်မမူ။ သို့ရာတွင်ထိုပြည်ကို သူ့အားလည်းကောင်း၊ သူ့နောက်တွင်သူ၏ သားမြေးများအားလည်းကောင်း အပိုင်ပေး တော်မူမည်ဟူ၍ကတိပြုတော်မူ၏။ ထို သို့ကတိပြုစဉ်အခါ၌အာဗြဟံတွင် သားသမီးမရှိသေးချေ။- အခန်းကိုကြည့်ပါ။ |
ကိုယ်တော်အားသစ္စာရှိသူဖြစ်ကြောင်း တွေ့မြင်တော်မူသဖြင့် ကိုယ်တော်သည်သူနှင့်ပဋိညာဉ်ပြုတော်မူပါ၏။ သူ၏သားမြေးများနေထိုင်ရန်အတွက်သူ့အား ခါနာန်ပြည်၊ဟိတ္ထိပြည်၊အာမောရိပြည်၊ ဖေရဇိပြည်၊ယေဗုသိပြည်နှင့်ဂိရဂါရှိ ပြည်ကိုပေးတော်မူမည်ဟုကတိပြုတော် မူပါ၏။ သစ္စာတော်ရှင်ဖြစ်သည်နှင့်အညီကိုယ်တော်သည် ကတိတော်တို့ကိုတည်စေတော်မူပါ၏။
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်ရှိပျက်စီးယိုယွင်းနေသောမြို့များတွင် နေထိုင်သူတို့က`အာဗြဟံသည်လူတစ်ဦး မျှသာဖြစ်သော်လည်းဤပြည်တစ်ပြည်လုံး ကိုအပိုင်ရရှိခဲ့၏။ ယခုငါတို့သည်ကား အရေအတွက်အားဖြင့်များသည်ဖြစ်၍ဤ ပြည်ကိုငါတို့အပိုင်ရကြပြီ' ဟုပြောဆို နေကြ၏။
သင်တို့၏ကောင်းမှုကုသိုလ်ကြောင့်ထာဝရ ဘုရားသည် ထိုပြည်ကိုသင်တို့အားပေးတော် မူသည်မဟုတ်။ ထိုသူတို့ဆိုးယုတ်သောကြောင့် လည်းကောင်း၊ သင်တို့၏ဘိုးဘေးများဖြစ်ကြ သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားထား ခဲ့သောကတိတော်ကိုတည်စေရန် အလိုတော် ရှိသောကြောင့်လည်းကောင်း ထာဝရဘုရား သည်ထိုသူတို့ကိုနှင်ထုတ်တော်မူမည်။-