တမန်တော်ဝတ္ထု 7:41Common Language Bibleထိုနောက်သူတို့သည်နွားသူငယ်ရုပ်တုကို သွန်းလုပ်၍ မိမိတို့လက်နှင့်လုပ်သောထိုရုပ်တု အားယဇ်ပူဇော်ကာပျော်ပွဲရွှင်ပွဲကိုကျင်းပ ကြကုန်၏။- အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
ဤဘေးဒဏ်ဖြင့်မသေဘဲကျန်ရှိနေသောသူတို့ သည်နောင်တမရကြ။ မိမိတို့လက်ဖြင့်ပြုလုပ် သည့်ဘုရားများကိုမစွန့်လွှတ်ကြ။ နတ်မိစ္ဆာ များကိုလည်းကောင်း၊ မျက်စိမမြင်၊ နားမကြား၊ မလှုပ်မရှားနိုင်သောရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သားစသည်ဖြင့်ပြီးသောရုပ်တုများကိုလည်း ကောင်းကိုးကွယ်လျက်ပင်ရှိနေကြသေး၏။-