တမန်တော်ဝတ္ထု 6:5Common Language Bibleဤအကြံကိုတပည့်တော်အပေါင်းတို့နှစ်သက် ကြ၏။ သူတို့သည်သတေဖန်ကိုရွေးချယ်ကြ ၏။ သတေဖန်သည်ယုံကြည်ခြင်းအားကြီး၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသူဖြစ် ၏။ ထို့နောက်ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနှင့်နိကောလတို့ကိုလည်းရွေးချယ် ကြ၏။ နိကောလကားယုဒအမျိုးသားမဟုတ်၊ ယုဒဘာသာသို့ကူးပြောင်းလာသူအန္တိအုတ် မြို့သားဖြစ်၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
သူ့ကိုတွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့ နှစ်ဦးသည်တစ်နှစ်ပတ်လုံးအသင်းတော်ဝင်တို့ နှင့်တွေ့ဆုံ၍ များစွာသောလူပရိသတ်တို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည်ပထမဆုံး အကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံ ကြရသည့်အရပ်မှာအန္တိအုတ်မြို့ဖြစ်သတည်း။
ထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။-