တမန်တော်ဝတ္ထု 6:14Common Language Bibleနာဇရက်မြို့သားယေရှုသည်ဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အားမောရှေပေးအပ်ခဲ့ သည့်ထုံးတမ်းစဉ်လာများကိုပြောင်းလဲစေ လိမ့်မည်ဖြစ်ကြောင်း ထိုသူပြောဆိုသည်ကို အကျွန်ုပ်တို့ကြားကြပါ၏'' ဟုထွက်ဆို ကြ၏။- အခန်းကိုကြည့်ပါ။ |
``ယုဒဘုရင်ဟေဇကိလက်ထက်၌ မေရရှ ရွာသားပရောဖက်မိက္ခာသည်ပြည်သူအပေါင်း တို့အား အနန္တတန်ခိုးရှင်ထာဝရဘုရားက၊ `ဇိအုန်တောင်သည်လယ်မြေကဲ့သို့ထွန်ယက် ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့သည်ကျောက်ပုံဖြစ်၍လာ လျက် ဗိမာန်တော်တောင်ကုန်းသည်သစ်တော ဖြစ်လိမ့်မည်' ဟု မိန့်တော်မူကြောင်းဆင့်ဆိုခဲ့လေသည်။
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-
ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-
`သင်သည်လူမျိုးခြားတို့အထဲတွင်နေထိုင် ကြသောယုဒအမျိုးသားများအား သင်တို့ ၏ကလေးများကိုအရေဖျားလှီးမင်္ဂလာ မပေးကြနှင့်။ သင်တို့သည်ယုဒထုံးတမ်း စဉ်လာများကိုမလိုက်နာကြနှင့်' ဟုဆိုကာ မောရှေ၏တရားကိုစွန့်ပယ်စေရန်သွန်သင် လျက်ရှိကြောင်းထိုသူတို့ကြားသိကြ၏။-
နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-
ထိုသို့ဖြစ်ပါမူပညတ်တရား၏ရည်ရွယ် ချက်ကားအဘယ်နည်း။ ပညတ်တရားကို ဘုရားသခင်ချပေးတော်မူခဲ့ခြင်းမှာ အပြစ် ဒုစရိုက်၏သဘောကိုထုတ်ဖော်ပြသရန် သာဖြစ်၏။ ထိုပညတ်တရားသည်ကတိ တော်ကိုခံယူရရှိသူ အာဗြဟံ၏သားမြေး မပေါ်သေးမီကာလအတွင်း၌သာလျှင် တည်ရှိရန်ဖြစ်သည်။ ဘုရားသခင်သည်ထို ပညတ်တရားကိုကောင်းကင်တမန်များ အားဖြင့် ကြားဝင်စေ့စပ်သူလူတစ်ဦးမှ တစ်ဆင့်ပေးအပ်တော်မူခဲ့၏။-