တမန်တော်ဝတ္ထု 6:11Common Language Bibleသို့ဖြစ်၍``ဤသူသည်မောရှေအားလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်းပြစ်မှားပြော ဆိုသည်ကိုငါတို့ကြားပါသည်'' ဟုလူတို့ အားတံစိုးလက်ဆောင်ပေး၍အပြောခိုင်း ကြ၏။- အခန်းကိုကြည့်ပါ။ |
ယုဒအမျိုးသားတို့သည်သူ့ကိုအတိုက်အခံ ပြု၍ ပုတ်ခတ်ပြောဆိုသောအခါပေါလုသည် မိမိအဝတ်မှဖုံများကိုခါချ၍ ``သင်တို့ သေကြေပျက်စီးကြလျှင်သင်တို့၏တာဝန် ပင်ဖြစ်၏။ ငါ့မှာတာဝန်မရှိတော့ပြီ။ ယခု မှအစပြု၍ငါသည်လူမျိုးခြားတို့အား တရားဟောတော့အံ့'' ဟုဆို၏။-
သူတို့က ``ဣသရေလအမျိုးသားတို့၊ ကူညီ ကြပါ။ ဤသူသည်အရပ်တကာသို့သွား၍ ငါ တို့အမျိုးသားတို့ကိုလည်းကောင်း၊ ဤဗိမာန် တော်ကိုလည်းကောင်းပြစ်တင်ရှုတ်ချကာ လူ အပေါင်းတို့အားဟောပြောသွန်သင်သူဖြစ်၏။ ထိုမျှမကယခုသူသည်ဂရိအမျိုးသား တို့ကို ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာပြီး လျှင် ဤမြင့်မြတ်သန့်ရှင်းသည့်ဌာနတော် ကိုညစ်ညမ်းစေပါ၏'' ဟုဟစ်အော်ကြ၏။-
တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''