တမန်တော်ဝတ္ထု 5:5Common Language Bibleထိုစကားကိုကြားသည်နှင့်တစ်ပြိုင်နက် အာနနိသည်လဲကျသေဆုံးလေသည်။ ဤ အဖြစ်အပျက်အကြောင်းကိုကြားကြသူ အပေါင်းသည် လွန်စွာကြောက်လန့်ကြ၏။- အခန်းကိုကြည့်ပါ။ |
ငါသည်ထိုဗျာဒိတ်တော်ကိုဆင့်ဆိုနေစဉ် ဗေနာယ၏သားပေလတိသည်လဲ၍သေ လေ၏။ ထိုအခါငါသည်မြေပေါ်သို့လှဲချ ပျပ်ဝပ်လိုက်ပြီးလျှင်``အို အရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ကျန်ရှိနေသေး သည့်ဣသရေလအမျိုးသားမှန်သမျှ တို့အားသုတ်သင်ပစ်တော်မူမည်လော'' ဟုဟစ်အော်လျှောက်ထား၏။
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။ ချက်ချင်းပင်မှော်ဆရာသည်မျက်စိမြှေး ယှက်၍ မှောင်အတိကျရောက်လာသကဲ့သို့ ဖြစ်သဖြင့် လက်ဆွဲ၍လမ်းပြခေါ်ဆောင်ပေး မည့်သူကိုရှာရလေ၏။-
ဘုရားသခင်သည်သင်တို့၏ဝမ်းနည်းမှုကိုမည် သို့အသုံးပြုတော်မူသည်ကိုကြည့်ရှုကြလော့။ သင်တို့သည်စိတ်ထက်သန်၍လာကြလေပြီ။ မိမိတို့၌အပြစ်ကင်းကြောင်းဖော်ပြရန်အလွန် လိုလားကြလေပြီ။ လွန်စွာဒေါသထွက်ကြ လေပြီ။ လွန်စွာစိုးရိမ်ကြလေပြီ။ လွန်စွာတမ်း တကြလေပြီ။ လွန်စွာစေတနာထက်သန် ကြလေပြီ။ အပြစ်ရှိသူကိုဒဏ်ပေးရန် လိုလားကြလေပြီ။ သင်တို့သည်ဤအမှု တွင်မိမိတို့အပြစ်ကင်းကြောင်းကိုထင်ရှား စေကြလေပြီ။