ထိုအခါလူတစ်ယောက်ရောက်ရှိလာ၍ ``အရှင် တို့အကျဉ်းချထားခဲ့သောသူများသည် ဗိမာန် တော်ထဲတွင်ရပ်လျက်လူတို့အားဟောပြော သွန်သင်နေပါသည်'' ဟုလျှောက်၏။-
ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူသဖြင့် ထိုသူသုံးယောက်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ရန်အမိန့် ပေးတော်မူ၏။-
သင်တို့သည်ငါ့အတွက်ကြောင့်အာဏာပိုင်များ နှင့်ရှင်ဘုရင်များရှေ့မှောက်သို့ရောက်ရကြလိမ့် မည်။ သို့ဖြစ်၍ထိုသူတို့အားလည်းကောင်း၊ လူမျိုး တကာတို့အားလည်းကောင်းငါ၏အကြောင်း သတင်းကောင်းကိုကြေညာခွင့်ရလိမ့်မည်။-
သို့ရာတွင်အချို့တို့သည်ဖာရိရှဲများ၏ ထံသို့သွား၍ သခင်ယေရှုပြုတော်မူသော အမှုကိုပြောကြားကြ၏။-
တစ်နေ့သ၌ဝတ်ပြုကိုးကွယ်ချိန်မွန်းလွဲ သုံးနာရီတွင် ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့သွားကြ၏။-
ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-
ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။