တမန်တော်ဝတ္ထု 5:13Common Language Bibleလူတို့သည်ထိုသူတို့အားချီးကူးပြောဆို ကြသော်လည်း မည်သူတစ်စုံတစ်ယောက်မျှ သူတို့နှင့်မပေါင်းမသင်းဝံ့ကြ။- အခန်းကိုကြည့်ပါ။ |
ထိုနောက်အရိမဿဲမြို့သားယောသပ်သည် သခင်ယေရှု၏အလောင်းတော်ကိုယူခွင့်ပြု ရန်ပိလတ်မင်းအားတောင်းလျှောက်၏။ (ယောသပ် ကားယုဒအာဏာပိုင်တို့ကိုကြောက်သဖြင့် မထင်မရှားသခင်ယေရှု၏တပည့်တော်ဖြစ် သတည်း။) ပိလတ်မင်းခွင့်ပြုတော်မူသဖြင့် ယောသပ်သည်အလောင်းတော်ကိုလာယူ၏။-
ထိုအခါတရားလွှတ်တော်အဖွဲ့ဝင်တို့သည် သူတို့ကိုထပ်မံကျပ်တည်းစွာသတိပေးပြီး နောက်ထွက်ခွာသွားစေကြ၏။ လူအပေါင်း တို့သည်ဖြစ်ပျက်ခဲ့သည့်အမှုအရာကြောင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ချီးကူးလျက်နေကြသဖြင့် တရားလွှတ် တော်အဖွဲ့ဝင်တို့သည်တမန်တော်တို့ကို မည်သို့မျှအပြစ်ဒဏ်မစီရင်နိုင်ကြ။-
သို့ဖြစ်၍ငါတို့သည်ဘုရားသခင်သတ်မှတ် ပေးသည့်လုပ်ငန်းအတွက်မှလွဲ၍ သူတစ်ပါး တို့၏လုပ်ဆောင်ချက်များအတွက်ဂုဏ်ယူ ဝါကြွားမှုမပြု။ သင်တို့၏ယုံကြည်ခြင်း ပါရမီရင့်လာသည်နှင့်အမျှ ငါတို့အတွက် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့်နယ် ပယ်အတွင်း သင်တို့ထံတွင်အမှုတော်တို့ ကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်မျှော်လင့်၏။-