Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 4:21

Common Language Bible

ထို​အ​ခါ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် သူ​တို့​ကို​ထပ်​မံ​ကျပ်​တည်း​စွာ​သ​တိ​ပေး​ပြီး နောက်​ထွက်​ခွာ​သွား​စေ​ကြ​၏။ လူ​အ​ပေါင်း တို့​သည်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ချီး​ကူး​လျက်​နေ​ကြ​သ​ဖြင့် တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​တို့​သည်​တ​မန်​တော်​တို့​ကို မည်​သို့​မျှ​အ​ပြစ်​ဒဏ်​မ​စီ​ရင်​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဆွံ့​အ​သူ​များ​စ​ကား​ပြော​ကြ​သည်​ကို​လည်း ကောင်း၊ ကိုယ်​အင်္ဂါ​ချို့​တဲ့​သူ​များ​အ​ကောင်း​ပ​က​တိ ဖြစ်​လာ​သည်​ကို​လည်း​ကောင်း၊ ခြေ​မ​စွမ်း​သူ​များ လမ်း​လျှောက်​ကြ​သည်​ကို​လည်း​ကောင်း၊ မျက်​မ​မြင် များ​မျက်​စိ​မြင်​ကြ​သည်​ကို​လည်း​ကောင်း​တွေ့​မြင် ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​တို့​သည်​လွန်​စွာ အံ့​သြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။

ထို​ကြောင့်​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန် နည်း​လမ်း​ရှာ​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည် ကိုယ်​တော်​အား​ပ​ရော​ဖက်​ဟု​မှတ်​ယူ​ယုံ​ကြည် နေ​သူ​လူ​ပ​ရိ​သတ်​တို့​ကို​ကြောက်​ကြ​၏။

သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည် ကို​စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့်​ပွဲ​တော်​ရက်​အ​တွင်း ၌​မ​ဖမ်း​မ​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။

နတ်​မိစ္ဆာ​ကို​နှင်​ထုတ်​လိုက်​သည်​နှင့်​တစ်​ပြိုင်​နက် ဆွံ့​အ​သူ​သည်​စ​ကား​ပြော​လေ​၏။ လူ​ပ​ရိ​သတ် တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သို့​သော အ​ခြင်း​အ​ရာ​မျိုး​ကို​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မ​မြင်​စ​ဖူး'' ဟု​ပြော​ဆို​ကြ​၏။

ဤ​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ကြ​သော​လူ​ပ​ရိ သတ်​တို့​သည်​ကြောက်​ရွံ့​ကြ​လျက်​လူ​တို့​အား ဤ​သို့​သော​တန်​ခိုး​ကို​ပေး​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​၏။

ဤ​သို့​မိန့်​တော်​မူ​လိုက်​သော​အ​ခါ​ကိုယ်​တော် ကို​ရန်​ဘက်​ပြု​သူ​များ​သည်​အ​ရှက်​ရ​သွား ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကား ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ များ​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။-

သို့​ရာ​တွင်​လူ​တို့​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင် လူ​အ​ပေါင်း​တို့​က​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​အ​မှန်​ပင်​ယုံ​ကြည် ကြ​သ​ဖြင့် ငါ​တို့​အား​ခဲ​နှင့်​ပေါက်​ကြ​လိမ့် မည်'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။-

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​လူ​တို့​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော် ကို​လျှို့​ဝှက်​စွာ​သတ်​ရန်​နည်း​လမ်း​ရှာ​လျက်​နေ ကြ​၏။

လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြောက်​ရွံ့ လျက် ``အံ့​ဖွယ်​သော​အ​ရာ​များ​ကို​ငါ​တို့ ယ​နေ့​တွေ့​မြင်​ရ​လေ​ပြီ'' ဟု​ပြော​ဆို​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။

သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။''

အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။

လူ​တို့​သည်​ထို​သူ​တို့​အား​ချီး​ကူး​ပြော​ဆို ကြ​သော်​လည်း မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ သူ​တို့​နှင့်​မ​ပေါင်း​မ​သင်း​ဝံ့​ကြ။-

ထို​အ​ခါ​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် မိ​မိ​၏​တပ်​သား​များ​နှင့်​သွား​ရောက်​၍ တ​မန် တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ တို့​အား​လူ​ထု​က​ခဲ​နှင့်​ပေါက်​မည်​ကို​စိုး​ရိမ် သ​ဖြင့် တ​မန်​တော်​တို့​အား​အ​ကြမ်း​ဖက်​မှု ကို​မ​ပြု​ကြ။

တ​မန်​တော်​တို့​ကို​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ တို့​အား​ကြိမ်​ဒဏ်​ခတ်​ကာ``ယေ​ရှု​၏​နာ​မ​ကို အ​မှီ​ပြု​၍ ဟော​ပြော​သွန်​သင်​ခြင်း​ကို​နောက် တစ်​ဖန်​မ​ပြု​ရ'' ဟု​အ​မိန့်​ပေး​ပြီး​နောက် လွှတ်​လိုက်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ