သူသည်ခုန်ပေါက်ကာဘုရားသခင်၏ဂုဏ် တော်ကိုချီးကူးလျက်ဗိမာန်တော်ထဲသို့ လိုက်သွား၏။-
ခြေမစွမ်းမသန်သူတို့သည် ခုန်ကြလိမ့်မည်။ ဆွံ့အသူတို့သည်လည်းဝမ်းမြောက်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ ကန္တာရ၌စမ်းရေပေါက်၍ကန္တာရတွင် စမ်းချောင်းစီးလိမ့်မည်။
ထိုခဏ၌သူသည်မျက်စိမြင်လာ၏။ ထိုနောက် ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး လျက် ကိုယ်တော်၏နောက်သို့လိုက်လေ၏။ ထိုအခြင်း အရာကိုမြင်လျှင် လူအပေါင်းတို့သည်ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။
ထိုသို့တွေ့ကြုံခံစားရသောအခါဝမ်းမြောက် ကြလော့။ ရွှင်မြူးသဖြင့်ကခုန်ကြလော့။ ကောင်း ကင်ဘုံတွင်သင်တို့ရမည့်အကျိုးကားကြီး လှ၏။ ဤသို့သင်တို့အားပြုကျင့်သူများ ၏ဘိုးဘေးများသည်ရှေးပရောဖက်တို့ကို ဤနည်းအတိုင်းပင်နှိပ်စက်ခဲ့ကြ၏။
ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။
``ထ၍မတ်မတ်ရပ်လော့'' ဟုထိုသူအား အသံကျယ်စွာဆို၏။ ထိုအခါသူသည် ခုန်၍ထပြီးလျှင်လမ်းလျှောက်လေ၏။-
ထိုနောက်နတ်မိစ္ဆာပူးဝင်နေသူသည် သူတို့ အားအပြင်းအထန်သတ်ပုတ်တိုက်ခိုက်ရာ သူတို့သည်အရေးရှုံးနိမ့်လျက်အနာတရ ဖြစ်ပြီးလျှင်အဝတ်များစုတ်ပြဲ၍ ထိုအိမ် မှထွက်ပြေးရကြလေသည်။-
ထိုနောက်သူ၏လက်ယာဘက်ကိုဆွဲကိုင်ထူမ လိုက်၏။ ထိုခဏ၌သူ၏ခြေနှင့်ခြေဖဝါး များသည်သန်မာလာသဖြင့်၊-