တမန်တော်ဝတ္ထု 3:17Common Language Bible``ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့၏ခေါင်း ဆောင်များနည်းတူ မိမိတို့ပြုသောအမှုကို မသိနားမလည်ဘဲပြုကြကြောင်းကိုငါ သိ၏။- အခန်းကိုကြည့်ပါ။ |
မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။
သူတို့သည်ငါတို့ထက်လူအင်အားပိုများ သဖြင့် လာ၍သူတို့ကိုကျိန်ဆဲပါလော့။ သို့ ပြုလျှင်သူတို့ကိုငါတိုက်ခိုက်၍ နှင်ထုတ်နိုင် ကောင်းနှင်ထုတ်နိုင်ပါလိမ့်မည်။ ကိုယ်တော် ကောင်းချီးပေးသူတို့သည်ကောင်းချီးကို ခံရ၍ ကိုယ်တော်ကျိန်ဆဲသောသူတို့သည် ကျိန်စာသင့်ကြပါလိမ့်မည်'' ဟုဖော်ပြ ပါရှိလေသည်။
ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။-
အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။