Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 3:11

Common Language Bible

ထို​သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို​တွယ် ကပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​များ​စွာ အံ့​သြ​လျက် ပေ​တ​ရု​တို့​ရှိ​ရာ​ရှော​လ​မုန်​ဟု နာ​မည်​တွင်​သော​မုခ်​ဆောင်​သို့​ပြေး​၍​လာ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​ကြောင့်​ဗိ​မာန်​တော်​သည်​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ဤ​မြို့​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​၍​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လိမ့်​မည်​ဟူ​၍​လည်း​ကောင်း သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​နာမ​တော်​ကို​အ​မှီ​ပြု​၍​ပြော​ဆို ပါ​သ​နည်း'' ဟု​ဟစ်​အော်​ကြ​၏။ ထို​နောက် လူ​တို့​သည်​ဗိ​မာန်​တော်​အ​တွင်း​၌​စု​ရုံး​၍ ငါ့​အား​ဝိုင်း​ရံ​ထား​ကြ​၏။

ကိုယ်​တော်​က​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား ``ငါ တို့​စား​ရန်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​သွား​၍​ပြင်​ဆင် ကြ​လော့'' ဟု​ဆို​၍​စေ​လွှတ်​တော်​မူ​၏။

နတ်​မိစ္ဆာ​များ​စွန့်​ခွာ​သွား​သူ​သည်​မိ​မိ​အား ကိုယ်​တော်​နှင့်​အ​တူ​လိုက်​ခွင့်​ပြု​ရန်​ပန်​ကြား​၏။-

သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​ရှိ​ရှော​လ​မုန် မုခ်​တွင် စင်္ကြံ​သွား​လျက်​နေ​တော်​မူ​၏။-

ထို​အ​သံ​ကို​ကြား​သော​အ​ခါ​လူ​ပ​ရိ​သတ် တို့​သည်​စု​ရုံး​လာ​ကြ​၏။ တ​ပည့်​တော်​တို့​ဟော ပြော​ချက်​များ​ကို လူ​တိုင်း​ပင်​မိ​မိ​ဘာ​သာ စ​ကား​ဖြင့်​ကြား​ကြ​ရ​သ​ဖြင့်​သူ​တို့​သည် အံ့​အား​သင့်​ကြ​၏။-

ပေ​တ​ရု​သည်​လူ​တို့​ကို​မြင်​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ အ​ဘယ်​ကြောင့်​ငါ​တို့​ကို​စူး စိုက်​၍​ကြည့်​နေ​ကြ​သ​နည်း။ ငါ​တို့​၏​တန်​ခိုး၊ ငါ​တို့​၏​အ​ကျင့်​သီ​လ​အား​ဖြင့် ဤ​သူ​ကို လမ်း​လျှောက်​စေ​နိုင်​သည်​ဟု​ထင်​မှတ်​ကြ​သ​လော။-

သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ဗိ​မာန်​တော် ထဲ​သို့​ဝင်​မည်​ပြု​သည်​ကို​မြင်​လျှင် ကြေး​ငွေ တစ်​စုံ​တစ်​ရာ​ပေး​ကမ်း​စွန့်​ကြဲ​ရန်​တောင်း ခံ​လေ​၏။-

ထို​သူ​နှစ်​ယောက်​သည်​သူ့​ကို​စေ့​စေ့​ကြည့် ကြ​၏။ ထို​နောက်​ပေ​တ​ရု​က``ငါ​တို့​ကို ကြည့်​လော့'' ဟု​ဆို​၏။-

တ​မန်​တော်​တို့​သည်​လူ​တို့​ရှေ့​တွင်​အံ့​သြ​ဖွယ် ရာ​အ​မှု​အ​ရာ​များ​နှင့် နိ​မိတ်​လက္ခ​ဏာ​များ ကို​ပြ​ကြ​၏။ ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် ရှော​လ​မုန်​မုခ်​တွင်​စု​ဝေး​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ