တမန်တော်ဝတ္ထု 27:34Common Language Bibleသင်တို့ဆက်လက်အသက်ရှင်နိုင်ရေးအတွက် အစားအစာစားကြရန်ငါတောင်းပန်ပါ၏။ သင်တို့တစ်စုံတစ်ယောက်၏ဦးခေါင်းမှဆံ ခြည်တစ်ပင်မျှပင်လျှင်ပျက်စီးဆုံးရှုံး ရလိမ့်မည်မဟုတ်'' ဟုဆို၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။
သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။