Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 27:25

Common Language Bible

သို့​ဖြစ်​၍​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သူ​ဖြစ်​၏။ ထို့​ကြောင့်​ငါ့ အား​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​ပျက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​နံ​နက်​စော​စော​၌ ပြည်​သူ​တို့​သည် တေ​ကော​အ​နီး​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား ကြ​၏။ ထွက်​ခွာ​စ​ပြု​သော​အ​ခါ ယော​ရှ​ဖတ် သည်​ပြည်​သူ​တို့​အား``ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လျှင်​ရပ်​တည်​နိုင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ဟော​ကြား သည်​ကို​ယုံ​ကြည်​ကြ​လျှင်​အောင်​မြင် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

ဘု​ရား​သ​ခင်​သည်​လူ​ကဲ့​သို့​မု​သား​စ​ကား ကို​မ​ပြော။ လူ​ကဲ့​သို့​စိတ်​ပြောင်း​လဲ​တော်​မ​မူ။ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​၏။ အ​မိန့်​တော်​အ​တိုင်း​ဖြစ်​ပျက်​တတ်​၏။

ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ်​တော် အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု​သင်​သည်​ယုံ​ကြည်​သ​ဖြင့် မင်္ဂ​လာ​ရှိ​၏'' ဟု​ကျယ်​စွာ​မြွက်​ဆို​၏။

သို့​ရာ​တွင်​တပ်​မှူး​သည်​ပေါ​လု​၏​စ​ကား​ထက် ရေ​ယာဉ်​မှူး​နှင့်​သင်္ဘော​ပိုင်​ရှင်​တို့​၏​စ​ကား​ကို ပို​၍​ယုံ​၏။-

ထို​အ​ခါ​ထို​သူ​အား​လုံး​ပင်​အား​တက်​လာ ကြ​ပြီး​လျှင် အ​စား​အ​စာ​စား​ကြ​ကုန်​၏။-

ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​ဤ​ဆင်းရဲ​ဒုက္ခ​များ ကို​ခံ​ရ​ခြင်း​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​၌​ယုံ ကြည်​စိတ်​ချ​မှု​ရှိ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​ဘယ်​သူ​ကို​ကိုး​စား​သည်​ကို လည်း​ကောင်း၊ ထို​အ​ရှင်​၏​လက်​ဝယ်​ငါ​ပေး​အပ် ထား​သော​အ​ရာ​ကို​ကိုယ်​တော်​ရှင်​သည် တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရောက်​သည်​တိုင်​အောင် စောင့်​ထိန်း​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ​အ​သေ​အ​ချာ​သိ​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ