တတိယနေ့၌သင်္ဘောနှင့်စပ်ဆိုင်သောကုန် ပစ္စည်းတန်ဆာအချို့ကိုပစ်ချကြ၏။-
စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
နောက်တစ်နေ့၌လည်းလေပြင်းမုန်တိုင်းဆက် လက်တိုက်ခတ်နေသဖြင့် သူတို့သည်ကုန်ပစ္စည်း အချို့ကိုသင်္ဘောပေါ်မှပစ်ချကြ၏။-
ကျွန်ုပ်တို့သည်ရက်ပေါင်းများစွာနေနှင့် ကြယ်နက္ခတ်များကိုမတွေ့မမြင်နိုင်ကြ။ လေသည်ဆက်၍အရှိန်ပြင်းစွာတိုက်ခတ် လျက်ရှိ၏။ နောက်ဆုံး၌ကျွန်ုပ်တို့သည် သေ ဘေးမှလွတ်မြောက်နိုင်တော့မည်မဟုတ် ဟုစိတ်လျှော့လိုက်ကြ၏။