တမန်တော်ဝတ္ထု 26:29Common Language Bibleပေါလုက ``အချိန်တိုသည်ကြာသည်မှာ ပဋ္ဌာနမဟုတ်ပါ။ အရှင်မင်းကြီးနှင့်တကွ ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နားထောင် လျက်ရှိကြသောလူအပေါင်းတို့သည် ဤ အနှောင်အဖွဲ့ခံရမှုမှလွဲ၍အကျွန်ုပ်ကဲ့ သို့ပင်ဖြစ်လာကြစေရန် ဘုရားသခင် ထံတော်သို့အကျွန်ုပ်ဆုတောင်းပါ၏'' ဟု လျှောက်လေသည်။ အခန်းကိုကြည့်ပါ။ |
``ထာဝရဘုရားသည်အကျွန်ုပ်တို့ကို အီဂျစ်ပြည်၌ သေစေခဲ့လျှင်သာ၍ကောင်း မည်။ ထိုပြည်တွင်အကျွန်ုပ်တို့သည်အမဲ ဟင်းနှင့်မုန့်ကိုဝအောင်စားရကြ၏။ ယခု မှာမူအကျွန်ုပ်တို့အားလုံးအစာငတ်၍ သေစေခြင်းငှာ၊ ဤတောကန္တာရသို့ပို့ဆောင် ခဲ့ပါသည်တကား'' ဟုညည်းညူအပြစ် တင်ကြ၏။
ငါက``အရှင်သည်ထိုသူတို့လက်တွင်းသို့ ကျရောက်ရလိမ့်မည်မဟုတ်ပါ။ အရှင့်အား အကျွန်ုပ်ပြန်ကြားခဲ့သည့်ထာဝရဘုရား ၏ဗျာဒိတ်တော်အတိုင်းလိုက်နာဆောင်ရွက် တော်မူရန်အကျွန်ုပ်ပန်ကြားပါ၏။ ဤ အတိုင်းပြုတော်မူလျှင်အစစအရာရာ အဆင်ပြေလျက် အရှင်သည်အသက်ချမ်း သာရာရပါလိမ့်မည်။-
သင်တို့သည်လိုလေသေးမရှိအောင်ပြည့်စုံ ကြပြီလော။ ချမ်းသာကြွယ်ဝကြလေပြီ လော။ ငါတို့ပင်ဘုရင်မဖြစ်ဘဲသင်တို့သည် ဘုရင်ဖြစ်ကြလေပြီလော။ သင်တို့ဘုရင် ဖြစ်မှသာလျှင်ငါတို့လည်းသင်တို့နှင့် အတူနန်းစံနိုင်ကြမည်ဖြစ်၍ အကယ်ပင် သင်တို့ဘုရင်ဖြစ်ကြပါစေဟုငါသည် ဆန္ဒပြု၏။-