တမန်တော်ဝတ္ထု 25:8Common Language Bibleပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသား တို့၏ပညတ်တရားကိုဖြစ်စေ၊ ဗိမာန်တော် ကိုဖြစ်စေ၊ ရောမဧကရာဇ်မင်းကိုဖြစ်စေ ပြစ်မှားမှုတစ်စုံတစ်ခုကိုမျှမကူးလွန် ခဲ့ပါ'' ဟုချေပပြောဆို၏။ အခန်းကိုကြည့်ပါ။ |
ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။
သို့သော်လည်းထိုသူတို့ကလွဲမှားသည်ဟု ယူဆသည့်လမ်းစဉ်တော်အရ အကျွန်ုပ်သည် ဘိုးဘေးများ၏ဘုရားသခင်ကိုကိုးကွယ် ကြောင်းကိုမူအရှင်အားဝန်ခံပါ၏။ သို့ရာ တွင်အကျွန်ုပ်သည်မောရှေ၏ပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများတွင်ဖော်ပြပါရှိ သမျှသောအရာတို့ကိုယုံကြည်ပါသည်။-
နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-