Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 25:25

Common Language Bible

သူ​သည်​သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ တစ်​ရာ​ကို​မျှ​မ​ကူး​လွန်​ကြောင်း​ကို ကျွန်ုပ် အ​နေ​ဖြင့်​သိ​ပါ​၏။ သို့​ရာ​တွင်​သူ​ကိုယ်​တိုင် က​ဘု​ရင်​ဧ​က​ရာဇ်​မင်း​ထံ​တွင်​အ​ယူ​ခံ ပါ​မည်​ဟု​ဆို​သ​ဖြင့် သူ့​ကို​ဘု​ရင်​မင်း​မြတ် ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ကျွန်ုပ်​ဆုံး​ဖြတ် ခဲ့​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ခေါင်း​ဆောင်​များ​နှင့်​ပြည်​သူ​တို့​က ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ပ​ရော​ဖက်​တို့​အား``ဤ သူ​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​အား​ဟော ပြော​သ​ဖြင့်​သူ့​အား​သေ​ဒဏ်​မ​ပေး​သင့်'' ဟု​ပြော​ဆို​ကြ​၏။

ထို​နောက် ``ဤ​သူ​သည်​ပုန်​ကန်​ရန်​ပြည်​သူ​တို့ အား​လှုံ့​ဆော်​သူ​ဖြစ်​သည်​ဟု​ဆို​၍ သူ့​အား သင်​တို့​ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​၏။ သင်​တို့​ရှေ့ မှာ​ပင်​ငါ​စစ်​ဆေး​ခဲ့​၏။ သို့​ရာ​တွင်​သင်​တို့ ဆို​သည့်​အ​တိုင်း​ထို​သူ​အား​စွပ်​စွဲ​နိုင်​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-

ထို​နောက်​ပိ​လတ်​မင်း​က ``ဤ​သူ​အား​စွဲ​ချက် တင်​ရန်​အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​ငါ​မ​တွေ့'' ဟု​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​လူ​အ​ပေါင်း တို့​အား​ဆို​၏။

ပိ​လတ်​မင်း​က ``သမ္မာ​တ​ရား​ကား​အ​ဘယ် နည်း'' ဟု​မေး​၏။ ထို​နောက်​ပိ​လတ်​မင်း​သည်​လူ​တို့​ထံ​ထွက်​လာ​ပြီး လျှင် ``ထို​သူ​အား​အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​အ​ကြောင်း တစ်​စုံ​တစ်​ရာ​ကို​မျှ​ငါ​မ​တွေ့။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​မိ​မိ​တို့​၏ ပ​ညတ်​တ​ရား​ဆိုင်​ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ် သက်​၍​ပြစ်​တင်​စွပ်​စွဲ​ကြ​ပါ​သည်။ သူ့​မှာ​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်၊ သို့​မ​ဟုတ်​ထောင်​ဒဏ် ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြောင်း​ကို​အ​ကျွန်ုပ်​တွေ့​ရှိ​ပါ​၏။-

သူ​တို့​ဟစ်​အော်​ပြော​ဆို​မှု​သည်​ပို​မို​ကျယ် လောင်​လာ​တော့​၏။ ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင်​ကျမ်း​တတ် ဆ​ရာ​အ​ချို့​တို့​သည်​ထ​၍ ``ဤ​သူ​၌​အ​ဘယ် အ​ပြစ်​ကို​မျှ​ငါ​တို့​မ​တွေ့။ ဝိ​ညာဉ်​တစ်​ပါး က​သော်​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​တစ် ပါး​က​သော်​လည်း​ကောင်း​သူ့​အား​မြွက်​ဆို ကောင်း​မြွက်​ဆို​ခဲ့​လိမ့်​မည်'' ဟု​ငြင်း​ခုံ​ပြော ဆို​ကြ​၏။

သူ​နှင့်​ပတ်​သက်​၍​ဘု​ရင်​ဧ​က​ရာဇ်​မင်း အား တိ​တိ​ကျ​ကျ​သံ​တော်​ဦး​တင်​စ​ရာ အ​ကြောင်း​တစ်​ခု​မျှ​ကျွန်ုပ်​မှာ​မ​ရှိ​ပါ။ ထို့ ကြောင့်​ထို​သူ​အား​သင်​တို့​၏​ရှေ့​သို့​ခေါ် ဆောင်​လာ​ခြင်း​ဖြစ်​ပါ​၏။ အ​ထူး​သ​ဖြင့် အ​ဂြိပ္ပ​မင်း​ကြီး​ရှေ့​တော်​သို့​ခေါ်​ဆောင် လာ​ပါ​၏။ ဤ​သို့​ခေါ်​ဆောင်​လာ​ခြင်း​မှာ သူ့​အား​မင်း​ကြီး​စစ်​ဆေး​မေး​မြန်း​ပြီး သော​အ​ခါ ကျွန်ုပ်​အ​စီ​ရင်​ခံ​စာ​ရေး​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရ​ရှိ​နိုင်​မည် ပင်​ဖြစ်​ပါ​သည်။-

သူ​တို့​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​ပြီး နောက် ``ဤ​သူ​သည်​သေ​ဒဏ်​သို့​မ​ဟုတ်​ထောင် ဒဏ်​ခံ​ထိုက်​သည့်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ကူး​လွန်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

ဖေတ္တု​သည်​ကျွန်ုပ်​တို့​ကို​ဣ​တ​လိ​ပြည်​သို့ သင်္ဘော​ဖြင့်​ပို့​ရန်​ဆုံး​ဖြတ်​ပြီး​နောက် ပေါ​လု နှင့်​အ​ခြား​အ​ကျဉ်း​သား​အ​ချို့​တို့​ကို ဧ​က ရာဇ်​မင်း​တပ်​တော်​ဟု​ခေါ်​သော​တစ်​ထောင်​တပ် မှ​တပ်​မှူး​ယု​လ​လက်​သို့​ပေး​အပ်​လိုက်​၏။-

ထို​သူ​တို့​သည်​ငါ့​ကို​စစ်​ဆေး​မေး​မြန်း​ပြီး နောက် ငါ​၏​အ​မှု​တွင်​သေ​ဒဏ်​ပေး​ထိုက်​သော အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​မ​တွေ့​ရ သ​ဖြင့်​ငါ့​အား​လွှတ်​လို​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ