Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 25:19

Common Language Bible

သူ​တို့​၏​ဘာ​သာ​တ​ရား​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ ယေ​ရှု​ဆို​သူ​အ​ကြောင်း​နှင့်​ပတ်​သက် ၍​လည်း​ကောင်း၊ အ​ငြင်း​ပွား​မှု​သာ​ဖြစ်​ပါ သည်။ ထို​ယေ​ရှု​သည်​သေ​လွန်​သွား​သော်​လည်း အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု​ပေါ​လု​က​ဆို ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရွေး​ချယ်​ခန့် ထား​တော်​မူ​သော​အ​ရှင်​အား​ဖြင့် လော​က​သား တို့​ကို​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သည့် နေ့​ရက်​ကို​သတ်​မှတ်​တော်​မူ​ပြီး​သော​ကြောင့် တည်း။ ထို​သို့​ဖြစ်​မည်​အ​ကြောင်း​ကို​ထို​အ​ရှင် အား သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​အား​ဖြင့် လူ​အ​ပေါင်း​တို့​အား​ခိုင်​လုံ သော​သက်​သေ​ပြ​တော်​မူ​ပြီ'' ဟု​ဟော​ပြော လေ​၏။

သို့​ရာ​တွင်​ဤ​အ​မှု​၏​စ​ကား​များ၊ နာ​မည် များ​သည်​သင်​တို့​၏​ပ​ညတ်​တ​ရား​နှင့်​သက် ဆိုင်​သည့်​အ​မှု​ဖြစ်​သ​ဖြင့် သင်​တို့​ကိုယ်​တိုင် ပင်​စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့။ ထို​အ​မှု​မျိုး ကို​ငါ​မ​စီ​ရင်​ပြီ'' ဟု​ဆို​၍၊-

ဧ​ဖက်​မြို့​သို့​ရောက်​သော​အ​ခါ​ပေါ​လု​သည် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို​မြို့​တွင်​ထား ခဲ့​၏။ သူ​သည်​တ​ရား​ဇ​ရပ်​သို့​ဝင်​ပြီး​လျှင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​တ​ရား​စ​ကား ဆွေး​နွေး​၏။-

ထို​သ​ခင်​ယေ​ရှု​အား​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​အား လုံး​ပင်​သက်​သေ​ဖြစ်​ကြ​၏။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​မိ​မိ​တို့​၏ ပ​ညတ်​တ​ရား​ဆိုင်​ရာ​ပြ​ဿ​နာ​များ​နှင့်​ပတ် သက်​၍​ပြစ်​တင်​စွပ်​စွဲ​ကြ​ပါ​သည်။ သူ့​မှာ​သေ ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်၊ သို့​မ​ဟုတ်​ထောင်​ဒဏ် ခံ​ထိုက်​သော​အ​ပြစ်​တစ်​စုံ​တစ်​ရာ​မျှ​မ​ရှိ ကြောင်း​ကို​အ​ကျွန်ုပ်​တွေ့​ရှိ​ပါ​၏။-

တ​ရား​လို​များ​သည်​ထ​၍​သူ့​အား​စွပ်​စွဲ​ပြော ဆို​ကြ​သော်​လည်း အ​ကျွန်ုပ်​ထင်​သည့်​ပြစ်​မှု များ​ဖြင့်​မ​ဟုတ်​ပါ။-

ပေါလု​ရောက်​ရှိ​လာ​သော​အ​ခါ​ယေ​ရု​ရှ​လင် မြို့​မှ လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက်​ကြီး​လေး​သော ပြစ်​မှု​များ​နှင့်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။ သို့ သော်​ခိုင်​လုံ​သော​သက်​သေ​ကို​မ​ပြ​နိုင်​ကြ။-

အ​ရှင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့ ထုံး​စံ​များ​နှင့် အ​ငြင်း​ပွား​တတ်​သည့်​ပြ​ဿ နာ​များ​ကို​သိ​ရှိ​သူ​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​လျှောက်​ထား​ချက်​ကို​စိတ်​ရှည်​လျက် နား​ထောင်​တော်​မူ​ပါ။''

ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​သူ​ဖြစ်​၏။ ငါ သည်​သေ​ခဲ့​၏။ ယ​ခု​မှာ​မူ​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​လျက်​ရှိ​၏။ ငါ​သည်​သေ​ခြင်း​တ​ရား နှင့်​မ​ရ​ဏာ​နိုင်​ငံ​ကို​အ​စိုး​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ