တမန်တော်ဝတ္ထု 24:9Common Language Bibleယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။ အခန်းကိုကြည့်ပါ။ |
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။