တမန်တော်ဝတ္ထု 24:18Common Language Bibleဗိမာန်တော်ထဲတွင်အကျွန်ုပ်သည်သန့်စင် ခြင်းမင်္ဂလာကိုပြုပြီးနောက်ပူဇော်သကာ ဆက်သနေချိန်၌ ထိုသူတို့သည်အကျွန်ုပ် ကိုတွေ့မြင်ကြပါ၏။ ထိုအခါလူပရိ သတ်များမရှိပါ။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါ။- အခန်းကိုကြည့်ပါ။ |
ထိုသူတို့ကိုခေါ်သွားပြီးလျှင်သန့်စင်ခြင်း မင်္ဂလာကိုသူတို့နှင့်အတူပြုပါလော့။ သူတို့ အတွက်ဦးခေါင်းရိတ်ခငွေကိုသင်ကျခံပါ။ ဤသို့ပြုပါမူသင့်အကြောင်းလူတို့ကြားခဲ့ ကြသည့်သတင်းစကားများမှာ အခြေအမြစ် မရှိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် လျှင်ပညတ်တရားကိုတိကျစွာစောင့်ထိန်း ကြောင်းကိုလည်းကောင်းလူတိုင်းသိရှိပါ လိမ့်မည်။-
သို့ရာတွင်လူအချို့တို့သည်သူ့ကိုအတိုက် အခံပြုကြ၏။ ထိုသူတို့ကားကုရေနေနှင့် အာလေဇန္ဒြူယမြို့ရှိယုဒအမျိုးသားတို့ ပါဝင်သည့်လွတ်လပ်သူများ ၏တရားဇရပ်အဖွဲ့ဝင်များဖြစ်၏။ ထိုသူတို့နှင့် တကွကိလိကိပြည်နှင့်အာရှပြည်မှ ယုဒအမျိုး သားအချို့တို့သည်သတေဖန်နှင့်စတင်ငြင်းခုံ ကြ၏။-