Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 24:12

Common Language Bible

ဗိ​မာန်​တော်​တွင်​ဖြစ်​စေ၊ တ​ရား​ဇ​ရပ်​များ တွင်​ဖြစ်​စေ၊ မြို့​ထဲ​တွင်​ဖြစ်​စေ​လူ​တို့​ဆူ​ပူ လှုပ်​ရှား​အောင် အ​ကျွန်ုပ်​လှုံ့​ဆော်​ပေး​သည် ကို​ယု​ဒ​အ​မျိုး​သား​တို့​မ​တွေ့​မ​ရှိ​ခဲ့ ကြ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​သုံး​ဦး​တို့​သည် အ​ခြား တ​ပည့်​တော်​များ​ရှိ​ရာ​သို့​ရောက်​လာ​ကြ​သော​အ​ခါ လူ​ပ​ရိ​သတ်​ကြီး​ကို​မြင်​ကြ​၏။ တ​ပည့်​တော်​တို့ သည်​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​အ​ခြေ​အ​တင် ပြော​ဆို​နေ​ကြ​၏။-

သို့​ဖြစ်​၍​အ​ဘယ်​ကြောင့်​ငါ့​ကို​စစ်​ဆေး​မေး မြန်း​သ​နည်း။ ငါ​ဟော​ပြော​သွန်​သင်​သည်​ကို ကြား​နာ​ကြ​ရ​သူ​တို့​အား​မေး​မြန်း​လော့။ သူ​တို့​အား​ငါ​မည်​သို့​ဟော​ပြော​သည်​ကို မေး​မြန်း​လော့။ ငါ​ဟော​ပြော​သည့်​အ​ရာ​တို့ ကို​သူ​တို့​သိ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

ဗိ​မာန်​တော်​ထဲ​တွင်​အ​ကျွန်ုပ်​သည်​သန့်​စင် ခြင်း​မင်္ဂ​လာ​ကို​ပြု​ပြီး​နောက်​ပူ​ဇော်​သကာ ဆက်​သ​နေ​ချိန်​၌ ထို​သူ​တို့​သည်​အ​ကျွန်ုပ် ကို​တွေ့​မြင်​ကြ​ပါ​၏။ ထို​အ​ခါ​လူ​ပ​ရိ သတ်​များ​မ​ရှိ​ပါ။ ရုန်း​ရင်း​ဆန်​ခတ်​လည်း မ​ဖြစ်​ပါ။-

ဤ​သူ​သည်​အ​နှောင့်​အ​ယှက်​အ​လွန်​ပေး​တတ် သူ၊ တိုင်း​ပြည်​အ​တွက်​အန္တ​ရာယ်​ရှိ​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​သည်။ သူ​သည်​ကမ္ဘာ အ​ရပ်​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့ ကို ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပေး ပါ​၏။ နာ​ဇ​ရက်​ဂိုဏ်း​သား​တို့​၏​ခေါင်း​ဆောင် တစ်​ယောက်​ဖြစ်​ပါ​၏။-

ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ပ​ညတ်​တ​ရား​ကို​ဖြစ်​စေ၊ ဗိ​မာန်​တော် ကို​ဖြစ်​စေ၊ ရော​မ​ဧ​က​ရာဇ်​မင်း​ကို​ဖြစ်​စေ ပြစ်​မှား​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ကူး​လွန် ခဲ့​ပါ'' ဟု​ချေ​ပ​ပြော​ဆို​၏။

နောက်​သုံး​ရက်​ကြာ​လျှင်​ပေါ​လု​သည် မြို့​ပေါ်​ရှိ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ် ၏။ ထို​သူ​တို့​လာ​ရောက်​စု​ဝေး​လျက်​ရှိ​သော အ​ခါ​ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဘိုး​ဘေး တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​အား​လည်း​ကောင်း ဆန့်​ကျင်​သည့်​အ​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ပြု​လုပ်​ခဲ့​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ငါ့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ရော​မ​အ​မျိုး​သား​တို့​၏​လက်​သို့​အပ် ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ