Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 23:35

Common Language Bible

ဘု​ရင်​ခံ​မင်း​က ``ဤ​အ​ရပ်​သို့​သင်​၏​တ​ရား လို​များ​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ သင်​၏ အ​မှု​ကို​ငါ​စစ်​ဆေး​မည်'' ဟု​ဆို​၏။ ထို​နောက် ပေါ​လု​အား​ဟေ​ရုဒ်​မင်း​ကြီး​ဆောက်​လုပ်​ခဲ့ သော​နန်း​တော်​တွင်​အ​စောင့်​အ​ကြပ်​နှင့်​ထား ရန်​အ​မိန့်​ပေး​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​တို့​သည်​ငါ့​အား​ကြိုး​များ​ဖြင့် ဆွဲ​၍​ရေ​တွင်း​ထဲ​မှ​ကယ်​ဆယ်​လိုက်​ကြ​၏။ ထို​နောက်​ငါ​သည်​နန်း​တော်​ဝင်း​အ​တွင်း​၌ နေ​ရ​လေ​သည်။

ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊-

ဟေ​ရုဒ်​မင်း​သည်​မိ​မိ​အား​ပ​ညာ​ရှိ​တို့​လှည့်​စား သွား​ကြ​ကြောင်း​ကို​သိ​လျှင် ပြင်း​စွာ​အ​မျက်​ထွက် လေ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​ထံ​မှ​စုံ​စမ်း​သိ​ရှိ​ရ သည့်​အ​တိုင်း​ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​ထောက်​လျက် ဗက်​လင်​မြို့​နှင့်​အ​နီး​ပတ်​ဝန်း​ကျင် ကျေး​ရွာ​များ​ရှိ​နှစ်​နှစ်​အ​ရွယ်​နှင့်​နှစ်​နှစ်​အောက် သူ​ငယ်​အ​ပေါင်း​တို့​ကို​သတ်​စေ​၏။

ထို​အ​ကြောင်း​ကို​ကြား​လျှင်​ဟေ​ရုဒ်​မင်း​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ချောက်​ချား​၍​သွား​ကြ​ကုန်​၏။-

ပိ​လတ်​မင်း​၏​စစ်​သား​များ​သည်​သ​ခင်​ယေ​ရှု​ကို ဘု​ရင်​ခံ​မင်း​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​နောက်​ခြေ​လျင်​တပ်​ခွဲ​တစ်​တပ်​လုံး​သည်​ကိုယ် တော်​ပတ်​လည်​စု​ရုံး​လာ​ကြ​၏။-

လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။-

ယု​ဒ​အ​မျိုး​သား​တို့​သည်​သူ့​ကို​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​လျက်​ရှိ​ကြောင်း​သ​တင်း​ကို ရ​ရှိ​သ​ဖြင့် အ​ကျွန်ုပ်​သည်​သူ့​အား​အ​ရှင့်​ထံ သို့​ချက်​ချင်း​စေ​လွှတ်​လိုက်​ပါ​၏။ တ​ရား​လို များ​အား​လည်း​မိ​မိ​တို့​၏​အ​မှု​ကို​အ​ရှင့် ရှေ့​တော်​တွင် လျှောက်​လဲ​ကြ​ရန်​ညွှန်​ကြား လိုက်​ပါ​သည်။ အ​ရှင်​ကျန်း​မာ​ပါ​စေ​သော'' ဟူ​၍​ပါ​ရှိ​၏။

နောက်​ငါး​ရက်​ကြာ​သော​အ​ခါ​ယဇ်​ပု​ရော​ဟိတ် မင်း​အာ​န​နိ​သည် ဘာ​သာ​ရေး​ခေါင်း​ဆောင်​အ​ချို့ တို့​လိုက်​ပါ​လျက် တေ​ရ​တု​လု​နာ​မည်​ရှိ​သော ရှေ့​နေ​နှင့်​အ​တူ​ကဲ​သ​ရိ​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​သူ​တို့​သည်​ဘု​ရင်​ခံ​ဖေ​လဇ်​၏​ရှေ့​တော်​သို့ ဝင်​၍​ပေါ​လု​အ​ကြောင်း​နှင့်​ပတ်​သက်​၍​စွဲ​ချက် တင်​ကြ​၏။-

ဘု​ရင်​ခံ​မင်း​သည်​လက်​ရိပ်​ပြ​၍​ပေါ​လု​အား တင်​လျှောက်​ခွင့်​ပြု​သော​အ​ခါ​ပေါ​လု​က၊ ``အ​ရှင်​သည်​ဤ​လူ​မျိုး​အ​ပေါ်​၌​နှစ်​ပေါင်း များ​စွာ တ​ရား​စီ​ရင်​လျက်​နေ​ခဲ့​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​၏။ ထို့​ကြောင့်​အ​ကျွန်ုပ်​မှာ​အ​ပြစ် မ​ရှိ​ကြောင်း​ကို အ​ရှင်​အား​လျှောက်​လဲ​ရ​သည့် အ​တွက်​ဝမ်း​မြောက်​ပါ​၏။-

သို့​ရာ​တွင်​ထို​နေ​ရာ​တွင်​အာ​ရှ​နယ်​မှ​လာ သော​ယု​ဒ​အ​မျိုး​သား​အ​ချို့​ရှိ​ပါ​၏။ အ​ကျွန်ုပ် အား​စွပ်​စွဲ​ပြော​ဆို​စ​ရာ​ရှိ​လျှင်​သူ​တို့​ကိုယ် တိုင်​ဤ​အ​ရပ်​သို့​လာ​၍၊-

ဖေ​လဇ်​သည်​လမ်း​စဉ်​တော်​အ​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​ထား​သူ​ဖြစ်​သ​ဖြင့် အ​မှု စစ်​ဆေး​ကြား​နာ​မှု​ကို​ထို​အ​ချိန်​၌​ရပ် နား​လိုက်​၏။ သူ​က ``တပ်​မှူး​လု​သိ ရောက်​ရှိ​လာ​သော​အ​ခါ​မှ​သင်​တို့​အ​မှု ကို​ငါ​စီ​ရင်​ချက်​ချ​မှတ်​မည်'' ဟု​ဆို​၏။-

ပေါ​လု​ကို​အ​စောင့်​အ​ကြပ်​နှင့်​အ​ကျယ်​ချုပ် ထား​ကာ သူ​၏​မိတ်​ဆွေ​သင်္ဂ​ဟ​များ​လာ​ရောက် ပြု​စု​သည်​ကို​ခွင့်​ပြု​ရန်​တပ်​ခွဲ​မှူး​အား​အ​မိန့် ပေး​၏။

အ​ကျွန်ုပ်​က​တ​ရား​ခံ​တစ်​ယောက်​အား​တ​ရား​လို များ​နှင့်​မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​၍ သူ​တို့​၏​စွပ်​စွဲ ချက်​ကို​ချေ​ပ​ခွင့်​မ​ပေး​ဘဲ​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​မှာ ရော​မ​ဋ္ဌ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း​သူ တို့​အား​ဖြေ​ကြား​ခဲ့​ပါ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ