တမန်တော်ဝတ္ထု 23:22Common Language Bibleတပ်မှူးက ``သင်သည်ဤကဲ့သို့ငါ့အားတိုင် ကြားခဲ့ကြောင်းအဘယ်သူအားမျှမပြော နှင့်'' ဟုဆို၍ထိုလူငယ်ကိုထွက်ခွာသွားစေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။
ထိုအခါသူတို့က ``ငါတို့သည်ကတိမတည်လျှင် ထာဝရဘုရားသည်ငါတို့ကိုသတ်ပါစေသား။ သင်သည်ငါတို့လာရောက်သည့်ကိစ္စ ကိုမပေါက်ကြားစေလျှင် ဤပြည်ကိုထာဝရ ဘုရားငါတို့အားပေးသနားတော်မူသော အခါ ငါတို့သည်သင်တို့ကိုကျေးဇူးပြု မည်ဟုကတိပြုပါ၏'' ဟူ၍ပြန်ပြောလေသည်။