တမန်တော်ဝတ္ထု 23:18Common Language Bibleသို့ဖြစ်၍တပ်ခွဲမှူးသည်ထိုလူငယ်ကိုတပ်မှူး ထံသို့ခေါ်ဆောင်ခဲ့ပြီးနောက် ``အကျဉ်းသား ပေါလုသည်အကျွန်ုပ်ကိုခေါ်၍ဤလူငယ်ကို အရှင့်ထံသို့အပို့ခိုင်းပါသည်။ သူ့မှာအရှင့် အားလျှောက်ထားရန်ကိစ္စတစ်ခုရှိပါသည်'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။ |
နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-