တမန်တော်ဝတ္ထု 22:4Common Language Bibleအကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။-
သို့သော်လည်းထိုသူတို့ကလွဲမှားသည်ဟု ယူဆသည့်လမ်းစဉ်တော်အရ အကျွန်ုပ်သည် ဘိုးဘေးများ၏ဘုရားသခင်ကိုကိုးကွယ် ကြောင်းကိုမူအရှင်အားဝန်ခံပါ၏။ သို့ရာ တွင်အကျွန်ုပ်သည်မောရှေ၏ပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများတွင်ဖော်ပြပါရှိ သမျှသောအရာတို့ကိုယုံကြည်ပါသည်။-