ထိုအခါတပ်မှူးသည်ပေါလုထံလာ၍ ``သင် သည်ရောမနိုင်ငံသားပေလော။ ငါ့အားပြော ပါ'' ဟုဆိုလျှင်ပေါလုက ``ဟုတ်ပါ၏'' ဟု ဆို၏။
ထိုနောက်ရောမတပ်သားများနှင့်ယုဒအမျိုး သားအစောင့်တပ်သားများသည်ကိုယ်တော်ကို ဖမ်းဆီးချည်နှောင်ပြီးလျှင်အန္နတ်မင်းထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။-
သူ့ကိုကြိမ်ဒဏ်ခတ်ရန်ချည်နှောင်ကြသော အခါ ပေါလုကအနီးတွင်ရပ်လျက်နေသည့် တပ်ခွဲမှူးအား``ရောမနိုင်ငံသားတစ်ယောက် ကိုစစ်ဆေးစီရင်ခြင်းမပြုဘဲကြိမ်ဒဏ် ခတ်ခြင်းမှာတရားဥပဒေနှင့်ကိုက်ညီပါ သလော'' ဟုမေး၏။
ထိုစကားကိုကြားလျှင်တပ်ခွဲမှူးသည်တပ်မှူး ထံသို့သွား၍ ``အရှင်၊ အသို့ပြုဘိသနည်း။ ထို သူသည်ရောမနိုင်ငံသားဖြစ်ပါ၏'' ဟု လျှောက်၏။
တပ်မှူးက ``ငါသည်ငွေအမြောက်အမြားပေး၍ ရောမနိုင်ငံသားအဖြစ်ကိုရရှိ၏'' ဟုဆိုလျှင် ပေါလုက ``ငါမူကားဇာတိအားဖြင့်ရောမ နိုင်ငံသားဖြစ်ပါ၏'' ဟုပြန်ပြော၏။