Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 22:24

Common Language Bible

ထို​အ​ခါ​ရော​မ​တပ်​မှူး​သည်​ပေါ​လု​ကို​တပ် စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​နှင့် အ​ဘယ်​ကြောင့်​ဤ​သို့​လူ​တို့​ဆူ​ပူ​ဟစ်​အော်​ရ ကြောင်း​ကို​ပေါ​လု​အား​ရိုက်​၍​စစ်​ဆေး​ရန် အ​မိန့်​ပေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ပိ​လတ်​မင်း​သည်​သ​ခင်​ယေ​ရှု​ကို ခေါ်​သွား​စေ​ပြီး​လျှင်​ကြိမ်​ဒဏ်​ခတ်​စေ​၏။-

သို့​ရာ​တွင်​ပေါ​လု​က ``ရော​မ​နိုင်​ငံ​သား​များ ဖြစ်​သော​ငါ​တို့​အား​စစ်​ကြော​စီ​ရင်​ခြင်း​မ ပြု​ဘဲ ငါ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​တွင်​ရိုက်​နှက် ၍​အ​ကျဉ်း​ချ​ထား​ခဲ့​ကြ​၏။ ယ​ခု​ငါ​တို့​ကို တိတ်​တ​ဆိတ်​လွှတ်​လို​ကြ​ပါ​သ​လော။ ထို​သို့ မ​ပြု​သင့်။ သူ​တို့​ကိုယ်​တိုင်​လာ​၍​ငါ​တို့​ကို ထောင်​မှ​ထုတ်​ကြ​ပါ​စေ'' ဟု​ရဲ​အ​ရာ​ရှိ တို့​အား​ပြော​၏။

လူ​ပ​ရိ​သတ်​တို့​က​သူ​တစ်​မျိုး​ငါ​တစ်​ဖုံ​ဟစ် အော်​ပြော​ဆို​ကြ​၏။ ထို​ဆူ​ညံ​သံ​များ​ကြောင့် တပ်​မှူး​သည်​အ​ဖြစ်​မှန်​ကို​မ​သိ​နိုင်​ရ​ကား ပေါ​လု​ကို​တပ်​စ​ခန်း​ရဲ​တိုက်​ထဲ​သို့​ခေါ် ဆောင်​သွား​ရန်​အ​မိန့်​ပေး​လေ​၏။-

ပေါ​လု​သည်​မိ​မိ​အား​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင် သွား​မည်​ပြု​သော​အ​ခါ တပ်​မှူး​အား``သင်​နှင့် အ​ကျွန်ုပ်​စ​ကား​အ​နည်း​ငယ်​ပြော​ပါ​ရ​စေ'' ဟု​ဆို​၏။ ``သင်​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​ပြော​တတ် ပါ​သ​လော။-

ငြင်း​ခုံ​မှု​သည်​အ​လွန်​ပြင်း​ထန်​၍​လာ​သ​ဖြင့် ပေါ​လု​ကို​အ​ပိုင်း​ပိုင်း​ဆုတ်​ဖြတ်​မည်​ကို​တပ်​မှူး သည်​စိုး​ရိမ်​သ​ဖြင့် စစ်​သား​များ​အား​ဆင်း​သွား ၍​ပေါ​လု​အား​ထို​သူ​တို့​ထံ​မှ​ထိန်း​သိမ်း​ပြီး လျှင်​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင်​သွား​ရန်​အ​မိန့် ပေး​၏။

ယု​ဒ​အ​မျိုး​သား​တို့​သည်​ဤ​သူ့​ကို​ဖမ်း​ဆီး ၍​သတ်​မည်​ပြု​ကြ​ပါ​၏။ သူ​သည်​ရော​မ​နိုင်​ငံ သား​ဖြစ်​ကြောင်း​ကို​အ​ကျွန်ုပ်​ကြား​သိ​ရ သ​ဖြင့် စစ်​သား​များ​နှင့်​အ​တူ​သွား​၍​သူ့ အား​ကယ်​ဆယ်​ခဲ့​ပါ​၏။-

ထို​သူ​တို့​သည်​ငါ့​ကို​စစ်​ဆေး​မေး​မြန်း​ပြီး နောက် ငါ​၏​အ​မှု​တွင်​သေ​ဒဏ်​ပေး​ထိုက်​သော အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​မ​တွေ့​ရ သ​ဖြင့်​ငါ့​အား​လွှတ်​လို​ကြ​၏။-

အ​မျိုး​သ​မီး​တို့​သည်​လည်း​ယုံ​ကြည်​ခြင်း အား​ဖြင့်​သေ​ရာ​မှ​ရှင်​လာ​သော​ဆွေ​မျိုး​များ တို့​ကို​ပြန်​လည်​၍​ရ​ရှိ​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​လွတ်​မြောက်​ခွင့်​ကို လက်​မ​ခံ​ဘဲ သာ​လွန်​မွန်​မြတ်​သည့်​ဘ​ဝ​သို့ ထ​မြောက်​ဝင်​စား​ရ​စေ​ရန်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ကို​ခံ​၍​သေ​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ