``အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ပြန်ရောက် ၍ ဗိမာန်တော်တွင်ဆုတောင်းလျက်နေစဉ်ဗျာ ဒိတ်ရူပါရုံကိုမြင်ရပါ၏။-
ဦးစွာဒမာသက်မြို့၊ ထိုနောက်ယေရုရှလင်မြို့ မှစ၍ ယုဒပြည်တစ်ပြည်လုံးရှိလူတို့အား လည်းကောင်း၊ လူမျိုးခြားတို့အားလည်းကောင်း အကျွန်ုပ်ဟောပြောပါ၏။-
သုံးနှစ်မျှကြာသော်ပေတရုနှင့်တွေ့ဆုံရန် ယေရုရှလင်မြို့သို့သွား၍သူနှင့်အတူ တစ်ဆယ့်ငါးရက်မျှနေထိုင်ခဲ့၏။-
ဘုရားသခင်သည်မိမိ၏နက်နဲသောအကြံ အစည်တော်ကိုငါ့အားဖွင့်ပြတော်မူ၏။ (ဤ အကြောင်းအရာနှင့်ပတ်သက်၍သင်တို့အား အကျဉ်းအားဖြင့်ငါဖော်ပြခဲ့ပြီးပေပြီ။-
သခင်ဘုရားနေ့၌ဝိညာဉ်တော်သည် ငါ့ အပေါ်သို့သက်ရောက်တော်မူလျက် ငါသည် တံပိုးခရာသံနှင့်တူသောအသံကြီး တစ်ခုကိုငါ့နောက်၌ကြားရ၏။-