တမန်တော်ဝတ္ထု 21:24Common Language Bibleထိုသူတို့ကိုခေါ်သွားပြီးလျှင်သန့်စင်ခြင်း မင်္ဂလာကိုသူတို့နှင့်အတူပြုပါလော့။ သူတို့ အတွက်ဦးခေါင်းရိတ်ခငွေကိုသင်ကျခံပါ။ ဤသို့ပြုပါမူသင့်အကြောင်းလူတို့ကြားခဲ့ ကြသည့်သတင်းစကားများမှာ အခြေအမြစ် မရှိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် လျှင်ပညတ်တရားကိုတိကျစွာစောင့်ထိန်း ကြောင်းကိုလည်းကောင်းလူတိုင်းသိရှိပါ လိမ့်မည်။- အခန်းကိုကြည့်ပါ။ |
နာဇရိဂိုဏ်းဝင်သည်အဋ္ဌိဋ္ဌာန်ကာလကုန် ဆုံးသောအခါ ပြုရမည့်ဝတ်ကားဤသို့ တည်း။ သူသည်မီးရှို့ရာယဇ်အတွက် အပြစ် အနာကင်းသောတစ်နှစ်သားသိုးထီးက လေးတစ်ကောင်၊ အပြစ်ဖြေရာယဇ်အတွက် အပြစ်အနာကင်းသောသိုးအမတစ်ကောင်နှင့် မိတ်သဟာယယဇ်အတွက်အပြစ်အနာ ကင်းသောသိုးထီးတစ်ကောင်ကို ထာဝရ ဘုရားအားဆက်သရန် တဲတော်တံခါးဝ သို့ယူဆောင်ခဲ့ရမည်။-
နာဇရိဂိုဏ်းဝင်တစ်ယောက်၏အနီးတွင် တစ် စုံတစ်ယောက်ရုတ်တရက်သေဆုံးခဲ့သည်ရှိ သော် သူ၏ဆက်ကပ်ထားသောဆံပင်သည် ညစ် ညမ်းသွားလိမ့်မည်။ ယင်းသို့ဖြစ်လျှင်သူသည် ခုနစ်ရက်စောင့်ဆိုင်း၍ ဆံပင်နှင့်မုတ်ဆိတ်မွေး ကိုရိတ်ရမည်။ ထိုအခါသူသည် ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
သို့ဖြစ်၍ပေါလုသည်နောက်တစ်နေ့၌ထိုလူ လေးယောက်တို့ကိုခေါ်ပြီးလျှင် သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုလေ၏။ ထိုနောက်သူ သည်ဗိမာန်တော်သို့သွား၍သန့်စင်ခြင်းမင်္ဂလာ ပြုရာကာလပြီးဆုံးမည့်အချိန်နှင့် မိမိတို့ တစ်ဦးစီအတွက်ပူဇော်သကာဆက်သရမည့် အချိန်တို့ကိုကြိုတင်အကြောင်းကြားထား လေသည်။
ယာကုပ်စေလွှတ်လိုက်သောသူများမရောက်မီ သူသည်လူမျိုးခြားတို့နှင့်အတူစားသောက် လျက်နေ၏။ သို့သော်လည်းယာကုပ်စေလွှတ် လိုက်သောသူတို့ရောက်ရှိလာသောအခါ၌ မူကား လူမျိုးခြားတို့နှင့်ပေါင်းဖော်စား သောက်မှုကိုမပြုတော့ချေ။ အဘယ်ကြောင့် ဆိုသော်သူသည်လူမျိုးခြားတို့အား အရေ ဖျားလှီးမင်္ဂလာခံစေလိုသောသူတို့ကို ကြောက်သောကြောင့်ဖြစ်သည်။-
သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။