Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 20:20

Common Language Bible

လူ​ပ​ရိ​သတ်​ရှေ့​တွင်​လည်း​ကောင်း၊ သင်​တို့ အိမ်​များ​တွင်​လည်း​ကောင်း ငါ​ဟော​ပြော​သွန် သင်​သော​အ​ခါ​သင်​တို့​အား​အ​ကျိုး​ရှိ​စေ မည့်​စ​ကား​များ​ကို​အ​ဘယ်​အ​ခါ​၌​မျှ ချန်​လှပ်​၍​မ​ထား​ခဲ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​မိန့်​တော်​မူ​၏။ ``ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ရပ်​ပြီး​လျှင် ထို​အ​ရပ်​သို့​ယု​ဒ မြို့​များ​မှ​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​လူ​တို့ အား ငါ​မိန့်​မှာ​သ​မျှ​သော​စ​ကား​တို့​ကို​ပြော ကြား​လော့။ တစ်​ခွန်း​တစ်​လေ​ကို​မျှ​ချန်​မ ထား​နှင့်။-

ငါ​က​လည်း``ကောင်း​လှ​ပြီ။ သင်​တို့​တောင်း​ပန်​သည့် အ​တိုင်း​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​မည်။ ထို နောက်​ကိုယ်​တော်​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သင် တို့​အား​ငါ​ပြော​ပြ​မည်။ အ​ဘယ်​အ​ရာ​ကို မျှ​သင်​တို့​ထံ​မှ​ထိမ်​ဝှက်​၍​ထား​မည်​မ​ဟုတ်'' ဟု​ဆို​၏။

ပုံ​ဥ​ပ​မာ​နှင့်​ကင်း​၍​ဟော​တော်​မ​မူ။ တ​ပည့်​တော် တို့​အား​လူ​ပ​ရိ​သတ်​ကင်း​ရှင်း​ချိန်​၌ ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​၏။

သူ​တို့​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင် စု​ဝေး​ကြ​၏။ မိ​မိ​တို့​အိမ်​များ​တွင်​နှိမ့်​ချ သော​စိတ်​ဖြင့်​ဝမ်း​မြောက်​စွာ​အ​တူ​တ​ကွ အ​စာ​အာ​ဟာ​ရ​ကို​သုံး​ဆောင်​ကြ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​ကြံ​အ​စည်​တော်​ကို သင်​တို့​အား​အ​ကုန် အ​စင်​ဖော်​ပြ​ပြီး​သော​ကြောင့်​ဖြစ်​၏။-

သို့​ဖြစ်​၍​သ​တိ​နှင့်​နေ​ကြ​လော့။ ငါ​သည်​သင် တို့​အ​ပေါင်း​အား​သုံး​နှစ်​ပတ်​လုံး​နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​လျက်​ဆုံး​မ​သွန်​သင်​ခဲ့​သည်​ကို သ​တိ​ရ​ကြ​လော့။''

သို့​သော်​အာ​န​နိ​သည်​ရောင်း​ရ​သော​ငွေ​အ​ချို့ အ​ဝက်​ကို ဇ​နီး​သည်​၏​သ​ဘော​တူ​ညီ​ချက် အ​ရ မိ​မိ​အ​ဖို့​ဖယ်​ထား​ပြီး​မှ​ကျန်​ငွေ​ကို တ​မန်​တော်​တို့​အား​ပေး​အပ်​လေ​သည်။-

နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​လည်း​ကောင်း၊ အိမ်​များ​တွင်​လည်း​ကောင်း​သ​ခင်​ယေ​ရှု​သည် မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို​ဆက်​လက်​၍ ဟော​ပြော​သွန်​သင်​ကြ​၏။

အ​များ​ကောင်း​ကျိုး​အ​တွက်​လူ​အ​သီး​သီး တို့​နှင့်​ဝိ​ညာဉ်​တော်​ပါ​ရှိ​ကြောင်း​တစ်​နည်း တစ်​ဖုံ​အား​ဖြင့်​ဖော်​ပြ​၏။-

သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ထံ သို့​လာ​၍​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ပါ​လျှင် အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ငါ​ဟော​ပြော​သော​စကား များ​သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် စ​ကား၊ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​နှိုး​ဆော်​သော စ​ကား၊ ဆုံး​မ​သွန်​သင်​သည့်​စ​ကား​များ​မ​ဖြစ် ပါ​မူ​သင်​တို့​၌​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။

ငါ​သည်​မိ​မိ​ခံ​ယူ​ရ​ရှိ​၍​သင်​တို့​အား​ပေး အပ်​သည့်​အ​ရေး​ကြီး​လှ​သော​အ​ကြောင်း အ​ရာ​များ​မှာ ကျမ်း​စာ​လာ​သည့်​အ​တိုင်း ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက်​အ​သေ​ခံ တော်​မူ​ကြောင်း၊-

``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-

ညီ​အစ်​ကို​တို့၊ နိ​ဂုံး​ချုပ်​ရ​သော်​သ​ခင်​ဘု​ရား နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက်​ဝမ်း​မြောက် ကြ​လော့။ ယ​ခင်​က​ငါ​ရေး​သား​ဖော်​ပြ​ပြီး သော​အ​ကြောင်း​အ​ရာ​များ​ကို​ယ​ခု​ထပ်​မံ​၍ ဖော်​ပြ​ရ​သည်​မှာ​ဝန်​မ​လေး​ပါ။ သင်​တို့​ပို​၍ လုံ​ခြုံ​စေ​ရန်​ဖြစ်​၏။-

သို့​ဖြစ်​၍​ငါ​တို့​သည်​လူ​အ​ပေါင်း​တို့​အား ခ​ရစ်​တော်​၏​အ​ကြောင်း​တော်​ကို​ဟော​ပြော ကြ​၏။ လူ​တိုင်း​အား​ရင့်​ကျက်​သူ​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ ရန်​ပို့​ဆောင်​နိုင်​အံ့​သော​ငှာ ငါ​တို့​သည်​ဉာဏ် ပ​ညာ​ရှိ​သ​မျှ​ဖြင့်​လူ​တိုင်း​ကို​သ​တိ​ပေး သွန်​သင်​ကြ​၏။-

(အ​ချိန်​အ​ခါ​သင့်​သည်​ဖြစ်​စေ၊ မ​သင့်​သည် ဖြစ်​စေ) တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ လော့။ ကြား​နာ​သူ​တို့​အား​နား​လည်​သ​ဘော ပေါက်​စေ​လော့။ ဆုံး​မ​လော့။ အား​ပေး​တိုက်​တွန်း လော့။ စိတ်​ရှည်​စွာ​သွန်​သင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ