Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 20:16

Common Language Bible

ပေါ​လု​သည်​အာ​ရှ​နယ်​တွင်​အ​ချိန်​မ​ကုန်​စေ လို​သ​ဖြင့် ဧ​ဖက်​မြို့​အ​နီး​မှ​ဖြတ်​၍​သင်္ဘော လွှင့်​ရန်​စိတ်​ပိုင်း​ဖြတ်​ထား​၏။ ဖြစ်​နိုင်​ပါ​က ပင်​တေ​ကုတ္တေ​ပွဲ​တော်​အ​မီ​ယေ​ရု​ရှ​လင်​မြို့ သို့​ရောက်​ရှိ​ရန် သူ​သည်​အ​လျင်​အ​မြန်​ခ​ရီး ပြု​လျက်​နေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

``ဂျုံ​စ​ပါး​စ​တင်​ရိတ်​ချိန်​၌​ကောက်​သိမ်း​ပွဲ​တော် ကို​လည်း​ကောင်း၊ သစ်​သီး​များ​ကို​စု​သိမ်း​ချိန်​ဖြစ် သော​ဆောင်း​ဦး​ပေါက်​ရာ​သီ​၌ သစ်​သီး​သိမ်း​ပွဲ တော်​ကို​လည်း​ကောင်း၊ ကျင်း​ပ​ရ​မည်။

ပေ​တ​ရု​သည်​အိမ်​တံ​ခါး​ကြီး​ရှိ​တံ​ခါး​ငယ် ကို​ခေါက်​လျှင် ရော​ဒေ​နာ​မည်​ရှိ​သူ​အ​စေ​ခံ​မ က​လေး​သည်​တံ​ခါး​ဖွင့်​ရန်​လာ​၏။-

သူ​တို့​သည်​ဖြု​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့ ကို​ဖြတ်​သွား​ကြ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည် သူ​တို့​အား​အာ​ရှ​ပြည်​၌​နှုတ်​က​ပတ်​တ​ရား တော်​ကို​ဟော​ပြော​ခွင့်​ပေး​တော်​မ​မူ။-

ဧ​ဖက်​မြို့​သို့​ရောက်​သော​အ​ခါ​ပေါ​လု​သည် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို​မြို့​တွင်​ထား ခဲ့​၏။ သူ​သည်​တ​ရား​ဇ​ရပ်​သို့​ဝင်​ပြီး​လျှင် ယု​ဒ​အ​မျိုး​သား​တို့​နှင့်​တ​ရား​စ​ကား ဆွေး​နွေး​၏။-

``ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်​သင်​တို့ ထံ​သို့​ငါ​ပြန်​လာ​ခဲ့​မည်'' ဟု​ဆို​ပြီး​လျှင် သ​င်္ဘော​လွှင့်​လေ​၏။-

ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊-

ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-

ပင်​တေ​ကုတ္တေ​ပွဲ​တော်​နေ့​ကျ​ရောက်​သော​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည်​တစ်​နေ​ရာ တည်း​တွင်​စု​ရုံး​လျက်​ရှိ​ကြ​၏။-

ကျွန်ုပ်​တို့​သည်​သင်္ဘော​သို့​အ​လျင်​သွား​၍​အ​ဿု မြို့​သို့​လွှင့်​ကြ​၏။ အ​ဿု​မြို့​သို့​ရောက်​မှ​ပေါ​လု အား​သင်္ဘော​စီး​စေ​ရန်​ဖြစ်​၏။ ပေါ​လု​သည်​ထို မြို့​သို့​ကုန်း​ကြောင်း​ဖြင့်​သွား​ရန်​စီ​စဉ်​ထား ခြင်း​ဖြစ်​ပေ​သည်။-

ထို​သူ​တို့​ရောက်​ရှိ​ကြ​သော​အ​ခါ​ပေါ​လု​က ``ငါ သည်​အာ​ရှ​နယ်​သို့​ရောက်​သည့်​နေ့​မှ​စ​၍ သင်​တို့ နှင့်​အ​တူ​ရှိ​နေ​သည့်​အ​ချိန်​ကာ​လ​တစ်​လျှောက် လုံး​တွင် မည်​သို့​ပြု​မူ​ကျင့်​ကြံ​ခဲ့​သည်​ကို​သင် တို့​အ​သိ​ပင်​ဖြစ်​၏။-

ယ​ခု​မှာ​ငါ​သည်​ဝိ​ညာဉ်​တော်​၏​အ​မိန့်​ကို နာ​ခံ​၍ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ​မည်။ ထို မြို့​တွင်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​ငါ​မ​သိ။-

ဗေ​ရိ​မြို့​သား​ပု​ရု​၏​သား​ဖြစ်​သူ​သော​ပ​တ​ရု၊ သက်​သာ​လော​နိတ်​မြို့​သား​များ​ဖြစ်​ကြ​သော အာ​ရိတ္တာ​ခု​နှင့်​သေ​ကန္ဒု၊ ဒေ​ရ​ဗေ​မြို့​သား​ဖြစ် သူ​ဂါ​ယု၊ အာ​ရှ​နယ်​သား​များ​ဖြစ်​ကြ​သော တု​ခိတ်​နှင့်​တ​ရော​ဖိမ်​တို့​သည်​လည်း​ကောင်း၊ တိ​မော​သေ​သည်​လည်း​ကောင်း​သူ​နှင့်​အ​တူ လိုက်​သွား​ကြ​၏။-

ကျွန်ုပ်​တို့​မူ​ကား​တ​ဆေး​မဲ့​မုန့်​ပွဲ​လွန်​သော အ​ခါ ဖိ​လိပ္ပု​မြို့​မှ​သင်္ဘော​လွှင့်​၍​လာ​ရာ​ငါး ရက်​ကြာ​သော် သူ​တို့​ရှိ​ရာ​တ​ရော​မြို့​သို့ ရောက်​၍​ထို​မြို့​တွင်​ခု​နစ်​ရက်​မျှ​နေ​ကြ​၏။

ထို​အ​ရပ်​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့ သ​ဖြင့် ကျွန်ုပ်​တို့​သည်​သူ​တို့​နှင့်​အ​တူ​ခု​နစ် ရက်​မျှ​နေ​ကြ​၏။ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် ပေါ​လု​အား ယေ​ရု​ရှ​လင်​မြို့​သို့​ဆက်​၍​မ​သွား​ရန်​ပြော ကြား​ကြ​၏။-

``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ ၍​နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​နောက် မိ​မိ​၏ အ​မျိုး​သား​ချင်း​များ​အ​တွက်​အ​လှူ​ငွေ ယူ​ဆောင်​လာ​ရန်​အ​တွက်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ပူ​ဇော်​သ​ကာ​ဆက်​သ​ရန်​အ​တွက် လည်း​ကောင်း​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​၏။-

ပင်​တေ​ကုတ္တေ​ပွဲ​နေ့​အ​ထိ​ဧ​ဖက်​မြို့​တွင်​ငါ​နေ ပါ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ