Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 20:1

Common Language Bible

ဆူ​ပူ​လှုပ်​ရှား​မှု​ရပ်​စဲ​သွား​သော​အ​ခါ ပေါ​လု​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​၍​အား ပေး​စ​ကား​ပြော​ကြား​၏။ ထို​နောက်​သူ​တို့ ကို​နှုတ်​ဆက်​ပြီး​လျှင်​မာ​ကေ​ဒေါ​နိ​ပြည် သို့​ထွက်​ခွာ​သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​အို​မင်း​ပြီ ဖြစ်​သော​ကြောင့် မျက်​စိ​မှုန်​၍​ကောင်း​စွာ​မ မြင်​နိုင်။ ယော​သပ်​သည်​သူ​၏​သား​များ​ကို ယာ​ကုပ်​အ​နီး​သို့​ခေါ်​ခဲ့​ရာ သူ​သည်​သူ​ငယ် များ​ကို​ဖက်​၍​နမ်း​ရှုပ်​လေ​၏။-

သူ့​ကို​တွေ့​လျှင်​အန္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့​၏။ သူ​တို့ နှစ်​ဦး​သည်​တစ်​နှစ်​ပတ်​လုံး​အ​သင်း​တော်​ဝင်​တို့ နှင့်​တွေ့​ဆုံ​၍ များ​စွာ​သော​လူ​ပ​ရိ​သတ်​တို့​ကို သွန်​သင်​ကြ​၏။ တ​ပည့်​တော်​တို့​သည်​ပ​ထ​မ​ဆုံး အ​ကြိမ်​ခ​ရစ်​ယာန်​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ခံ ကြ​ရ​သည့်​အ​ရပ်​မှာ​အန္တိ​အုတ်​မြို့​ဖြစ်​သ​တည်း။

ထို​မြို့​မှ​ဖိ​လိပ္ပိ​မြို့​သို့​သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့ ကား​မာ​ကေ​ဒေါ​နိ​ပြည်​ပ​ထ​မ​နယ်​၏​မြို့​တစ် မြို့​ဖြစ်​၏။ ရော​မ​အ​မျိုး​သား​တို့​အ​ခြေ​စိုက် ရာ​မြို့​လည်း​ဖြစ်​၏။ ထို​မြို့​တွင်​ကျွန်ုပ်​တို့​သည် ရက်​ပေါင်း​များ​စွာ​နေ​ထိုင်​ကြ​ပြီး​သည့်​နောက်၊-

ပေါ​လု​သည်​ညဥ့်​အ​ခါ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် ``မာ​ကေ​ဒေါ​နိ​ပြည်​သို့​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​အား​ကူ​ညီ​မ​စ​ပါ'' ဟု​မာ​ကေ​ဒေါ​နိ ပြည်​သား​တစ်​ယောက်​သည်​ရပ်​လျက်​တောင်း​ပန် နေ​သည်​ကို​မြင်​ရ​၏။-

ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။-

သို့​ရာ​တွင်​ပေါ​လု​သည်​အောက်​သို့​ဆင်း​လာ ကာ ထို​သူ​၏​အ​ပေါ်​၌​မှောက်​လှဲ​ဖက်​ယမ်း ပြီး​နောက်​လူ​တို့​အား ``မ​စိုး​ရိမ်​ကြ​နှင့်၊ သူ သည်​အ​သက်​ရှင်​လျက်​ပင်​ရှိ​သေး​သည်'' ဟု ဆို​၏။-

သူ​သည်​ထို​ဒေ​သ​များ​ကို​လှည့်​လည်​ကာ တ​ပည့်​တော်​တို့​အား အား​ပေး​စ​ကား​များ ပြော​ကြား​ပြီး​နောက်​အ​ခါ​ယ​ပြည်​သို့ သွား​၏။-

သူ​သည်​ထို​ပြည်​တွင်​သုံး​လ​မျှ​နေ​၏။ ထို နောက်​ရှု​ရိ​ပြည်​သို့​သင်္ဘော​လွှင့်​မည်​အ​ပြု တွင်​သူ​၏​အ​သက်​ကို​ရန်​ရှာ​ရန် ယု​ဒ​အ​မျိုး သား​တို့​လျှို့​ဝှက်​ကြံ​စည်​နေ​ကြ​ကြောင်း​ကို ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​သူ​သည်​မာ​ကေ ဒေါ​နိ​ပြည်​ကို​ဖြတ်​၍​ပြန်​ရန်​စိတ်​ပိုင်း​ဖြတ် လိုက်​လေ​သည်။-

သူ​တို့​သည်​ပေါ​လု​ကို​ဖက်​ယမ်း​လျက် ငို​ယို ကာ​နမ်း​ရှုပ်​၍​နှုတ်​ဆက်​ကြ​၏။-

သင်​တို့​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​အ​သင်း​တော်​အ​ပေါင်း​က​သင်​တို့ အား​နှုတ်​ဆက်​လိုက်​၏။

ဤ​အ​ရပ်​တွင်​ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​က​လည်း သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။ သင်​တို့​အ​ချင်း​ချင်း သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။

ငါ​သည်​မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​မှ​လာ​မည်​ဖြစ် ၍ မာ​ကေ​ဒေါ​နိ​ပြည်​တစ်​လျှောက်​ခ​ရီး​ပြု​ပြီး သော​အ​ခါ​သင်​တို့​ထံ​သို့​လာ​ခဲ့​မည်။-

သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​သန့်​ရှင်း​သော​နမ်း​ခြင်း​နှင့်​နှုတ်​ဆက်​ကြ လော့။

မာ​ကေ​ဒေါ​နိ​ပြည်​သို့​ရောက်​ရှိ​သော​အ​ခါ​၌ ပင်​လျှင် ငါ​တို့​သည်​စိတ်​သက်​သာ​မှု​ကို​မ​ရ​ကြ။ အ​ရပ်​ရပ်​တွင်​အ​ခက်​အ​ခဲ​များ​ရှိ​၏။ အ​ငြင်း ပွား​မှု​များ​ရှိ​၏။ ငါ​တို့​၌​လည်း​ကြောက်​စိတ်​ရှိ​၏။-

ယုံ​ကြည်​သူ​အ​ပေါင်း​တို့​အား​သန့်​ရှင်း​သော နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။

မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ