Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:37

Common Language Bible

ထို​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​ပူ​ပင်​သော​က​ရောက်​ကြ​လျက် ပေ​တ​ရု နှင့်​အ​ခြား​တ​မန်​တော်​တို့​အား``ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး မြန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​သည်​ဝမ်း​နည်း​ကြေ​ကွဲ​၍ စိတ်​နာ​ကြည်း​သော​အ​ခါ

ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့် ၎င်း၊ တပါးတည်းသော သိုးထိန်းကြီးအပ်ပေတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသောသံချွန်နှင့်၎င်း တူ၏။

ငါ​က​လည်း``မိုး​သောက်​ယံ​ရောက်​တော့​မည်၊ သို့​ရာ​တွင်​ညဥ့်​ယံ​ပြန်​လည်​ကျ​ရောက်​လာ လိမ့်​မည်။ သင်​ထပ်​မံ​မေး​မြန်း​လို​လျှင်​နောက် တစ်​ဖန်​လာ​၍​မေး​မြန်း​လော့'' ဟု​ဖြေ​ကြား လိုက်​၏။

ကျန်​ရစ်​သော​သူ​တို့​သည်​ချိုး​ငှက်​ကဲ့​သို့​ညည်း ညူ​လျက်​ချိုင့်​ဝှမ်း​များ​ထဲ​မှ​နေ​၍ တောင်​ပေါ် သို့​ထွက်​ပြေး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​ငို ကြွေး​ရ​လိမ့်​မည်။-

``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​၏။

အ​ခွန်​ခံ​သူ​တို့​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ရန်​ရောက်​လာ ကြ​၏။ သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

စစ်​သား​များ​က​လည်း ``အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ယော​ဟန်​က ``သင်​တို့​သည်​အ​ဘယ်​သူ​ကို​မျှ မ​တ​ရား​မ​စွပ်​မ​စွဲ​ကြ​နှင့်။ အ​ဘယ်​သူ့​ထံ​မှ ငွေ​ကို​အ​ဋ္ဌမ္မ​မ​တောင်း​ကြ​နှင့်။ သင်​တို့​ရ​သော လ​စာ​ဖြင့်​ရောင့်​ရဲ​ကြ​လော့'' ဟု​ပြန်​ပြော​၏။

ထို​သူ​တို့​သည်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​သည် ကို​ကြား​ကြ​သော​အ​ခါ အ​သက်​ကြီး​သူ​များ က​အ​စ​ပြု​၍​တစ်​ယောက်​ပြီး​တစ်​ယောက်​ထွက် သွား​ကြ​၏။-

``ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​သူ​တို့ ၏​လမ်း​ပြ​ဖြစ်​သူ ယု​ဒ​ရှ​ကာ​ရုတ်​ကို​ရည်​မှတ်​၍ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ် ပျက်​ရ​မည်​သာ​တည်း။ ဤ​ကျမ်း​ချက်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည်​ဒါ​ဝိဒ်​မင်း​နှုတ်​အား​ဖြင့် ဟော​ကြား​ခဲ့​၏။-

အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော် က `ထ​လော့။ ဒ​မာ​သက်​မြို့​သို့​သွား​လော့။ သင် ဆောင်​ရွက်​ရန်​ခွဲ​ခန့်​သတ်​မှတ်​ထား​သည့်​အ​မှု အ​ရာ​ခပ်​သိမ်း​ကို ထို​မြို့​တွင်​သင့်​အား​ပြော မည်' ဟု​မိန့်​တော်​မူ​၏။-

ဤ​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ပြင်း​စွာ​အ​မျက် ထွက်​ကြ​သ​ဖြင့် တ​မန်​တော်​တို့​အား​သေ​ဒဏ် ပေး​ရန်​တိုင်​ပင်​ကြ​၏။-

ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ဒေါ​သ​ချောင်း ချောင်း​ထွက်​၍​အံ​သွား​ကြိတ်​ခြင်း​ကို​ပြု​ကြ​၏။-

ငါ​သည်​တရား​ဥ​ပ​ဒေ​နှင့်​ကင်း​လျက်​အ​သက် ရှင်​ခဲ့​သည့်​အ​ချိန်​ရှိ​ခဲ့​ဖူး​၏။ သို့​သော်​ပ​ညတ် တော်​ကို​ငါ​သိ​ရှိ​လာ​သည်​နှင့်​တစ်​ပြိုင်​နက် အ​ပြစ်​တ​ရား​သည်​ရှင်​သန်​လာ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ