Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 2:25

Common Language Bible

ထို​အ​ရှင်​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​မင်း​က၊ `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စဉ်​မ​ပြတ် ဖူး​မြင်​ရ​၏။ ငါ​သည်​စိတ်​တုန်​လှုပ်​ခြင်း​နှင့်​ကင်း​စေ​ရန် ကိုယ်​တော်​သည်​ငါ့​အ​နီး​တွင်​ရှိ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ဆင်း​ရဲ​သူ​ကို​ကာ​ကွယ်​၍ သူ့​အား​သေ​ဒဏ်​စီ​ရင်​ကြ​သော​သူ​တို့ ၏​လက်​မှ ကယ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

ဘု​ရား​ရှင်​သည်​အ​ရှင်​မင်း​ကြီး​၏​လက်​ယာ ဘက်​တွင် ရှိ​တော်​မူ​ပါ​၏။ အ​မျက်​ထွက်​တော်​မူ​ရာ​နေ့​ရက်​၌​ကိုယ်​တော် သည် ဘု​ရင်​အ​ပေါင်း​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။

မင်း​ကြီး​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေ​တ္တာ​ကြောင့် သူ​သည် ဘေး​မဲ့​လုံ​ခြုံ​တော်​မူ​ပါ​လိမ့်​မည်။

မိ​မိ​တွင်​လုံ​ခြုံ​မှု​ရှိ​ပြီ​ဟု​ယုံ​ကြည်​လျက် ``ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်'' ဟု ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ပြော​ဆို​ခဲ့ ပါ​၏။

ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက်​တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

ကိုယ်​တော်​သာ​လျှင်​ငါ​၏​ခို​လှုံ​ရာ​ကျောက် တောင်၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ငါ​၏​ရဲ​တိုက်​သ​ဖွယ်​ဖြစ်​တော် မူ​၏။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​ရေး​ရှုံး​နိမ့် ရ​လိမ့်​မည်​မ​ဟုတ်။

သို့​သော်​လည်း​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော် ရှင်​၏ ထံ​တော်​ပါး​တွင်​အ​စဉ်​အ​မြဲ​နေ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ လက်​ကို​ဆွဲ​ကိုင်​ထား​တော်​မူ​ပါ​၏။

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၍ သင်​တို့​ကို​ခွန်​အား​နှင့်​ပြည့်​ဝ​စေ​ပါ​၏။ `မ​ကြောက်​ကြ​နှင့်၊ငါ​ကူ​မ​တော်​မူ​မည်' ဟု သင်​တို့​အား​ပြော​ဆို​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။-

သင်​တို့​သည်​မိ​မိ​တို့​အိမ်​သို့​အ​သီး​သီး​ထွက် ပြေး​သွား​ကြ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့် မည်။ ငါ​သည်​လည်း​အ​ထီး​တည်း​ကျန်​ရစ်​လိမ့် မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ​ရောက်​လျက် ရှိ​ပေ​ပြီ။ သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ​နှင့် အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ငါ​သည်​အ​ကယ်​ပင် အ​ထီး​တည်း​နေ​သည်​မ​ဟုတ်။-

သို့​ဖြစ်​၍​ငါ​၏​စိတ်​နှ​လုံး​သည်​ရွှင်​လန်း​လျက်၊ ငါ​၏​နှုတ်​သည်​ရွှင်​ပြ​သော​စ​ကား​များ​ဖြင့် ပြည့်​လျက်​ရှိ​ပါ​၏။ ငါ​သည်​သေ​မျိုး​ပင်​ဖြစ်​သော်​လည်း​မျှော်​လင့်​လျက် ငြိမ်​ဝပ်​စိတ်​ချ​စွာ​နေ​ပါ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ