ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။-
သူတို့သည်မောရှေအားလွန်စွာ စိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တို သောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။
နောက်ဆုံး၌မြို့စာရေးသည်လူပရိသတ်တို့ အား ဆိတ်ဆိတ်နေစေပြီးလျှင် ``ဧဖက်မြို့သား တို့၊ ဧဖက်မြို့တော်သည်ကြီးမြတ်သည့်အာ တေမိနတ်သမီး၏နတ်ကွန်းနှင့် ကောင်းကင် ဘုံမှကျလာသည့်ရုပ်တုတော်တည်ရှိရာ ဌာနတော်ဖြစ်ကြောင်းကိုလူတိုင်းသိ၏။-
သင်တို့သည်ထိုသူတို့ကို ဤနေရာသို့ခေါ်ဆောင် ခဲ့ကြ၏။ သူတို့သည်ငါတို့၏ဗိမာန်တော်ထဲဝင် ၍လုယက်ခြင်းမပြု။ ငါတို့၏နတ်သမီးကို စော်ကားသောစကားကိုလည်းမပြော။-
သစ္စာဖောက်သူ၊ အရမ်းမဲ့ပြုမူသူ၊ မာနကြီးသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက်ကာမဂုဏ် ခံစားမှုကိုပို၍နှစ်သက်သူ၊-