Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 19:34

Common Language Bible

သို့​ရာ​တွင်​သူ​သည်​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည် ကို လူ​တို့​သိ​ကြ​သော​အ​ခါ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု နှစ်​နာ​ရီ​ကြာ​မျှ​သံ​ပြိုင်​ကြွေး​ကြော်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​လည်း​မိ​မိ​တို့​ထံ​သို့​ယူ​ဆောင် လာ​သော​နွား​ကို​ယဇ်​ပူ​ဇော်​ရန်​အ​တွက် ပြင် ဆင်​ကြ​ပြီး​လျှင်​ဗာ​လ​ဘု​ရား​ထံ​သို့​မွန်း တည့်​ချိန်​တိုင်​အောင်​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​၏။ သူ​တို့​က``အို ဗာ​လ​ဘု​ရား၊ အ​ကျွန်ုပ် တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ ပါ'' ဟု​ဟစ်​အော်​ကြ​ပြီး​လျှင် မိ​မိ​တို့​တည် ဆောက်​ထား​သည့်​ယဇ်​ပလ္လင်​၏​ပတ်​လည်​တွင် က​လျက်​နေ​ကြ​၏။ သို့​ရာ​တွင်​ဗာ​လ​ဘု​ရား ထံ​မှ​မည်​သို့​မျှ​အ​ဖြေ​မ​ရ​ကြ။

``သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​နည်း​တူ အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သော​စ​ကား​များ​ကို မ​သုံး​ကြ​နှင့်။ ထို​သူ​တို့​သည်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် တောင်း​သော​ဆု​ရ လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​၏။-

ရော​မ​အ​ရာ​ရှိ​တို့​၏​ရှေ့​သို့​ရောက်​သော​အ​ခါ ``ဤ​သူ​တို့​သည်​ယု​ဒ​အ​မျိုး​သား​များ​ဖြစ် ပါ​သည်။ ကျွန်​တော်​တို့​မြို့​တွင်​ဆူ​ပူ​မှု​ဖြစ် အောင်​ပြု​လျက်​နေ​ကြ​ပါ​သည်။-

ဒေ​မေ​တ​ရိ​နာ​မည်​ရှိ​သော​ငွေ​ပန်း​ထိမ်​ဆ​ရာ သည် အာ​တေ​မိ​နတ်​သ​မီး​၏​ငွေ​နတ်​ကွန်း​ပုံ​တူ က​လေး​များ​ကို​ပြု​လုပ်​ခြင်း​အား​ဖြင့် လက်​မှု ပ​ညာ​သည်​များ​အား​များ​စွာ​ငွေ​ဝင်​လမ်း​ဖြောင့် စေ​ခဲ့​၏။-

ဤ​ပေါ​လု​ဆို​သူ​သည်​ဧ​ဖက်​မြို့​တွင်​သာ​မ​က အာ​ရှ​ပြည်​တစ်​ခု​လုံး​လို​လို​၌​ပင် `လူ့​လက်​ဖြင့် ပြု​လုပ်​သည့်​ဘု​ရား​များ​သည်​ဘု​ရား​လုံး​ဝ မ​ဟုတ်' ဟု​ဆို​၍​လူ​အ​မြောက်​အ​မြား​ကို ဖြား​ယောင်း​သွေး​ဆောင်​ကာ မှောက်​မှား​လမ်း​လွဲ စေ​သည်​ကို​သင်​တို့​ကိုယ်​တိုင်​ကြား​နိုင်​မြင် နိုင်​ကြ​၏။-

ထို​စ​ကား​ကို​ကြား​လျှင်​လက်​မှု​ပ​ညာ​သည် တို့​သည် ဒေါ​သ​အ​မျက်​ထွက်​ကာ ``ဧ​ဖက်​မြို့​၏ အာ​တေ​မိ​နတ်​သ​မီး​သည်​ကြီး​မြတ်​ပေ​၏'' ဟု​ကြွေး​ကြော်​ကြ​၏။-

လူ​များ​စု​သည်​မိ​မိ​တို့​အ​ဘယ်​ကြောင့်​စု​ဝေး လျက်​နေ​ကြ​သည်​ကို​မ​သိ​ကြ။ ယု​ဒ​အ​မျိုး သား​တို့​သည်​အာ​လေ​ဇန္ဒြု​ကို​လူ​ပ​ရိ​သတ်​ရှေ့ သို့​သွား​စေ​သ​ဖြင့် လူ​ထု​အ​ထဲ​မှ​လူ​အ​ချို့ တို့​က​ထို​သူ​သည်​ဖြစ်​ပေါ်​လျက်​ရှိ​သည့်​အ​ရေး အ​ခင်း​နှင့်​ပတ်​သက်​သူ​ဖြစ်​မည်​ဟု​ယူ​ဆ ကြ​၏။ အာ​လေ​ဇန္ဒြု​သည်​ပ​ရိ​သတ်​အား ဆိတ်​ငြိမ်​ရန်​လက်​ရိပ်​ပြ​၏။ ချေ​ပ​ပြော​ဆို ရန်​ကြိုး​စား​၏။-

နောက်​ဆုံး​၌​မြို့​စာ​ရေး​သည်​လူ​ပ​ရိ​သတ်​တို့ အား ဆိတ်​ဆိတ်​နေ​စေ​ပြီး​လျှင် ``ဧဖက်​မြို့​သား တို့၊ ဧ​ဖက်​မြို့​တော်​သည်​ကြီး​မြတ်​သည့်​အာ တေ​မိ​နတ်​သ​မီး​၏​နတ်​ကွန်း​နှင့် ကောင်း​ကင် ဘုံ​မှ​ကျ​လာ​သည့်​ရုပ်​တု​တော်​တည်​ရှိ​ရာ ဌာ​န​တော်​ဖြစ်​ကြောင်း​ကို​လူ​တိုင်း​သိ​၏။-

သင်​သည်​အ​ခြား​သူ​တို့​အား​သူ​တစ်​ပါး​၏ အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်​တား​မြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင်​ပြစ်​မှား​ပါ သ​နည်း။ သင်​သည်​ရုပ်​တု​ကို​ရွံ​ရှာ​ပါ​လျက် အ​ဘယ်​ကြောင့် သင်​ကိုယ်​တိုင်​ရုပ်​တု​တည်​ရာ ဗိ​မာန်​ကို​လု​ယက်​ပါ​သ​နည်း။-

န​ဂါး​သည်​မိ​မိ​၏​အာ​ဏာ​ကို​သား​ရဲ​အား အပ်​နှင်း​ပေး​သူ​ဖြစ်​သ​ဖြင့် လူ​တို့​သည်​န​ဂါး ကို​ကိုး​ကွယ်​ကြ​၏။ လူ​တို့​က``ဤ​သား​ရဲ​နှင့် အ​ဘယ်​သူ​တူ​ပါ​သ​နည်း။ သူ့​အား​အ​ဘယ် သူ​ဆိုင်​ပြိုင်​တိုက်​ခိုက်​နိုင်​ပါ​သ​နည်း'' ဟု​ဆို လျက်​သား​ရဲ​ကို​လည်း​ရှိ​ခိုး​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ