တမန်တော်ဝတ္ထု 19:19Common Language Bibleမှော်အတတ်ကိုအသုံးပြုခဲ့သူအများပင် မိမိတို့၏ကျမ်းစောင်များကိုစုသိမ်းယူဆောင် လာ၍ လူပုံအလယ်တွင်မီးရှို့ကြ၏။ ထိုစာအုပ် များ၏တန်ဖိုးကိုတွက်ချက်ကြည့်သောအခါ ငွေအသပြာငါးသောင်းမျှရှိကြောင်းတွေ့ ရှိကြ၏။- အခန်းကိုကြည့်ပါ။ |
မိမိ၏သားတော်များကိုဟိန္နုံချိုင့်တွင်မီးဖြင့် ပူဇော်၏။ မင်းကြီးသည်နတ်ဝိဇ္ဇာအတတ်နှင့်မှော် အတတ်များကိုကျင့်သုံး၍ဗေဒင်ဆရာနှင့်နတ် ဝင်သည့်သူတို့ထံမှအကြံဉာဏ်များကိုတောင်း ယူတတ်လေသည်။ သူသည်ထာဝရဘုရားအား လွန်စွာပြစ်မှား၍အမျက်တော်ကိုလှုံ့ဆော် ပေး၏။-
သင်တို့သည်အကျဉ်းခံနေရသူတို့အတွက် ကြောင့် ကြင်နာသောစိတ်ရှိကြ၏။ မိမိတို့၏ ဥစ္စာပစ္စည်းများကိုအတင်းအဋ္ဌမ္မသိမ်းယူ သည်ကိုလည်းဝမ်းမြောက်စွာခံကြ၏။ အဘယ် ကြောင့်ဆိုသော်မိမိတို့၌ထိုအရာများ ထက်ပို၍ ကောင်းမြတ်တည်မြဲသည့်အရာ ရှိကြောင်းကိုသိကြသောကြောင့်ပင်ဖြစ် ပေသည်။-