တမန်တော်ဝတ္ထု 19:17Common Language Bibleထိုအဖြစ်အပျက်အကြောင်းကိုဧဖက်မြို့ တွင်နေထိုင်သူ ယုဒအမျိုးသားများနှင့် ဂရိအမျိုးသားအပေါင်းတို့ကြားသိကြ ၏။ သူတို့သည်ထိတ်လန့်တုန်လှုပ်လျက် သခင် ယေရှု၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
ဤနည်းအားဖြင့်ငါတို့အရှင်သခင်ယေရှု ၏နာမတော်သည်သင်တို့ကိုအကြောင်းပြု၍ ဘုန်းအသရေတော်ထွန်းတောက်လိမ့်မည်။ သင် တို့သည်လည်းကိုယ်တော်ကိုအကြောင်းပြု၍ ဘုန်းအသရေထွန်းတောက်ကြလိမ့်မည်။ ငါ တို့၏ဘုရားသခင်နှင့်အရှင်သခင်ယေရှု ခရစ်၏ကျေးဇူးတော်အားဖြင့်ဤသို့ ဖြစ်ပါစေသော။