တမန်တော်ဝတ္ထု 19:11Common Language Bibleဘုရားသခင်သည်ပေါလုအားဖြင့် အလွန် ထူးကဲသောနိမိတ်လက္ခဏာများကိုပြလျက် နေတော်မူ၏။- အခန်းကိုကြည့်ပါ။ |
တမန်တော်တို့သည်ထိုအရပ်တွင်ကြာမြင့်စွာ နေထိုင်လျက် သခင်ဘုရား၏အကြောင်းကို ရဲရင့်စွာဟောပြောကြ၏။ ကိုယ်တော်သည်ထို သူတို့ဟောပြောသည့်ကျေးဇူးတော်ဆိုင်ရာ တရားမှန်ကန်ကြောင်းသက်သေပြရန် သူတို့ အားအံ့သြဖွယ်ရာများနှင့်နိမိတ်လက္ခဏာ များပြနိုင်သောတန်ခိုးကိုပေးတော်မူ၏။-
ထိုသူငယ်မသည်ဤသို့ရက်ပေါင်းများစွာ ဟစ်အော်လျက်နေသဖြင့် ပေါလုသည်လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ရကား နောက်သို့လှည့် ၍ ``သင်သည်သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကိုအမှီပြု၍ သင့် အားငါအမိန့်ပေး၏'' ဟုနတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင်နတ်မိစ္ဆာသည်ထွက်သွား ၏။-
တစ်ချိန်တည်းမှာပင်ဘုရားသခင်သည် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်သည်မိမိအလိုတော် အတိုင်း ဆုကျေးဇူးများကိုဝေငှတော်မူ ခြင်းအားဖြင့်လည်းကောင်းထပ်လောင်း သက်သေပြတော်မူ၏။