ယုဒအမျိုးသားတို့အားတရားခွင်မှ နှင်ထုတ်လိုက်၏။-
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။
ထိုသူတို့သည်တရားဇရပ်အုပ်ချုပ်ရေးမှူး သုဿင်ကိုဖမ်းဆီး၍တရားခွင်ရှေ့တွင်ရိုက် နှက်ကြ၏။ သို့ရာတွင်ဂါလျုန်သည်ထိုအပြု အမူကိုလုံးဝဂရုမစိုက်ဘဲနေ၏။
သို့ရာတွင်မြေကြီးသည်မိမိ၏ခံတွင်းကို ဖွင့်၍ နဂါးမှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချကာအမျိုးသမီးအားကယ်ဆယ် လိုက်သည်။-