Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 17:15

Common Language Bible

ပေါ​လု​ကို​လိုက်​ပို့​ကြ​သော​သူ​တို့​သည် သူ​နှင့် အာ​သင်​မြို့​အ​ထိ​လိုက်​သွား​ကြ​၏။ ထို့​နောက် သိ​လ​နှင့်​တိ​မော​သေ​တို့​အ​မြန်​ဆုံး​လိုက် လာ​စေ​ရန်​ညွှန်​ကြား​ချက်​ရ​လျက် ဗေ​ရိ​မြို့ သို့​ပြန်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။-

ထို​အ​ခါ​ယုံ​ကြည်​သူ​တို့​သည်​ချက်​ချင်း​ပင် ပေါ​လု​ကို​ပင်​လယ်​ကမ်း​ခြေ​သို့​ထွက်​ခွာ​သွား စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ဗေ​ရိ မြို့​တွင်​ပင်​နေ​ရစ်​ခဲ့​ကြ​၏။-

ပေါ​လု​သည်​အာ​သင်​မြို့​တွင် သိ​လ​နှင့်​တိ​မော​သေ တို့​ကို​စောင့်​ဆိုင်း​လျက်​နေ​စဉ် ထို​မြို့​တွင်​ရုပ်​တု များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည်​ကို​မြင်​သ​ဖြင့် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-

(အာ​သင်​မြို့​သား​အ​ပေါင်း​တို့​နှင့်​ထို​မြို့​တွင် နေ​ထိုင်​သူ​ဧည့်​သည်​များ​သည် သ​တင်း​အ​သစ် အ​ဆန်း​ကို​ပြော​ဆို​ကြား​နာ​ခြင်း​အား​ဖြင့် အ​ချိန်​ကို​ကုန်​လွန်​စေ​တတ်​ကြ​၏။)

ပေါ​လု​သည် အာ​ရေ​တောင်​တ​ရား​ရုံး​တော်​ရှေ့ တွင်​ရပ်​လျက် ``အာ​သင်​မြို့​သား​တို့၊ သင်​တို့​သည် လွန်​စွာ​ဘု​ရား​တ​ရား​ကြည်​ညို​သူ​များ​ဖြစ် ကြောင်း အ​စ​စ​အ​ရာ​ရာ​ကို​ထောက်​၍​ငါ​သိ ရ​၏။-

ထို​နောက်​ပေါ​လု​သည်​အာ​သင်​မြို့​မှ​ထွက် ခွာ​၍ ကော​ရိ​န္သု​မြို့​သို့​ရောက်​၏။-

သိ​လ​နှင့်​တိ​မော​သေ​တို့​မာ​ကေ​ဒေါ​နိ​ပြည် မှ​ရောက်​လာ​ကြ​သော​အ​ခါ ပေါ​လု​သည်​တ​ရား ဟော​ခြင်း​အ​မှု​ကို​သာ​ဆောင်​ရွက်​လျက် မေ​ရှိ​ယ သည်​သ​ခင်​ယေ​ရှု​ပင်​ဖြစ်​ကြောင်း​ယု​ဒ​အ​မျိုး သား​တို့​အား​သေ​ချာ​စွာ​ရှင်း​ပြ​၏။-

နောက်​ဆုံး​၌​ငါ​တို့​သည်​ဆက်​လက်​စောင့်​ဆိုင်း​၍ မ​နေ​နိုင်​ကြ​တော့​သ​ဖြင့် အာ​သင်​မြို့​တွင် ငါ​တို့​နေ​ရစ်​ရန်​ဆုံး​ဖြတ်​ကြ​ပြီး​နောက်၊-

အာ​တေ​မ​ကို​ဖြစ်​စေ၊ တု​ခိတ်​ကို​ဖြစ်​စေ​သင့်​ထံ သို့​ငါ​စေ​လွှတ်​လိုက်​သော​အ​ခါ ငါ​ရှိ​ရာ​နိကော ပလိ​မြို့​သို့​အ​စွမ်း​ကုန်​ကြိုး​စား​၍​လာ​ခဲ့​လော့။ ထို​မြို့​တွင်​ဆောင်း​ရာ​သီ​အ​တွင်း​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ပြီး​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ