တမန်တော်ဝတ္ထု 17:13Common Language Bibleဗေရိမြို့တွင်ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုပေါလုဟောပြောလျက်ရှိကြောင်းကို သက်သာလောနိတ်မြို့မှယုဒအမျိုးသားတို့ သည်ကြားသိကြသောအခါ ဗေရိမြို့သို့လာ ၍လူတို့အားဆူပူအောင်လှုံ့ဆော်ပေးကြ၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဋ္ဌားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-