Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 16:3

Common Language Bible

ပေါ​လု​သည်​သူ့​ကို​မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို သ​ဖြင့် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​၏။ ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​တိ​မော​သေ​၏ ဖ​ခင်​သည်​ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း ထို အ​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။-

ထို​အ​ခါ​ဗာ​န​ဗ​သည်​မာ​ကု​ခေါ်​ယော​ဟန် ကို​ခေါ်​ဆောင်​သွား​ရန်​အ​လို​ရှိ​၏။-

ပေါ​လု​မူ​ကား​သိ​လ​ကို​ရွေး​ချယ်​၍​ထွက်​ခွာ သွား​လေ​သည်။ ယုံ​ကြည်​သူ​များ​သည်​ပေါ​လု အား​သ​ခင်​ဘု​ရား​၏​ကျေး​ဇူး​တော်​သို့​အပ်​နှံ ကြ​၏။-

အ​ရေ​ဖျား​လှီး​ခံ​သည်​မ​ခံ​သည်​မှာ​ပ​ဋ္ဌာ​န မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​များ​ကို စောင့်​ထိန်း​ခြင်း​သာ​လျှင်​ပ​ဋ္ဌာ​န​ဖြစ်​၏။-

ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​တွင်​အ​မှု တော်​ဆောင်​စဉ် သူ​တို့​ကို​ကယ်​တင်​နိုင်​ရန်​ယု​ဒ အ​မျိုး​သား​ကဲ့​သို့​နေ​ထိုင်​၏။ ထို​သူ​တို့​ကို ကယ်​တင်​နိုင်​ရန်​ငါ​သည်​ပ​ညတ်​တ​ရား​စောင့် ထိန်း​သူ​မ​ဟုတ်​သော်​လည်း ပ​ညတ်​တ​ရား စောင့်​ထိန်း​သူ​ကဲ့​သို့​ငါ​နေ​ထိုင်​၏။-

ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ​သို့​ဝင်​ရောက်​လာ သူ​ယုံ​ကြည်​သူ​အ​ယောင်​ဆောင်​အ​ချို့​တို့​က ငါ​၏​အ​ဖော်​တိ​တု​အား​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ကို​ပေး​စေ​လို​ကြ​၏။ သူ​သည်​ဂ​ရိ အ​မျိုး​သား​ပင်​ဖြစ်​သော်​လည်း ငါ​သည် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​အ​တင်း မ​ခံ​စေ​ပါ။ ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ရှိ​ခြင်း​အား​ဖြင့် ငါ​တို့​ရ​ရှိ​သော လွတ်​လပ်​မှု​ကို​လျှို့​ဝှက်​စွာ​စုံ​စမ်း​လို​သ​ဖြင့် ထို​သူ​တို့​သည်​ငါ​တို့​အ​သိုင်း​အ​ဝိုင်း​ထဲ သို့​ဝင်​ရောက်​လာ​ကြ​ခြင်း​ဖြစ်​သည်။ သူ​တို့ က​ငါ​တို့​အား​ကျွန်​ဖြစ်​စေ​လို​ကြ​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည် တန်​ခိုး​တော်​ဖြင့် ပေ​တ​ရု​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ခံ​သူ​တို့​အ​တွက် တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သ​ကဲ့​သို့ ငါ့​အား လည်း​လူ​မျိုး​ခြား​တို့​အ​တွက်​တ​မန်​တော် အ​ဖြစ်​ခန့်​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။

တိ​မော​သေ​နှင့်​ငါ​သည်​သား​အ​ဖ​သ​ဖွယ်​အ​တူ တ​ကွ​သ​တင်း​ကောင်း​ပျံ့​နှံ့​ရေး​အ​တွက် အ​မှု​တော် ကို​အ​ဘယ်​သို့​ဆောင်​ရွက်​ခဲ့​ကြ​ကြောင်း​ကို​သင်​တို့ သိ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ