တမန်တော်ဝတ္ထု 15:39Common Language Bibleသူတို့သည်အပြင်းအထန်အငြင်းပွားပြီး နောက်လမ်းခွဲခွာသွားကြ၏။ ဗာနဗသည် မာကုကိုခေါ်၍ကုပရုကျွန်းသို့သင်္ဘော လွှင့်လေ၏။- အခန်းကိုကြည့်ပါ။ |
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။
ကာလအနည်းငယ်ကြာသော်တပည့်တော် အရေအတွက်မှာ တိုးတက်များပြားလာ၏။ ထိုအခါဂရိစကားကိုသုံးစွဲသူယုဒ အမျိုးသားများနှင့် ဒေသခံယုဒအမျိုး သားတို့အငြင်းပွားကြ၏။ ဂရိစကား သုံးစွဲသူယုဒအမျိုးသားတို့က မိမိတို့ မုဆိုးမများနေ့စဉ်အသုံးစရိတ်မရ ရှိကြောင်းပြစ်တင်ပြောဆိုကြ၏။-
ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။