တမန်တော်ဝတ္ထု 15:22Common Language Bibleထိုအခါတမန်တော်များ၊ အသင်းတော်လူ ကြီးများနှင့်အသင်းတော်ဝင်အပေါင်းတို့ သည် ကိုယ်စားလှယ်များကိုရွေးချယ်၍ပေါလု၊ ဗာနဗနှင့်အတူအန္တိအုတ်မြို့သို့စေလွှတ် ရန်ဆုံးဖြတ်ကြ၏။ သူတို့သည်ယုံကြည်သူ တို့အလွန်ကြည်ညိုလေးစားကြသော ဗာရှဗခေါ်ယုဒနှင့်သိလတို့ကိုရွေး ချယ်ကြ၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုကိုယုံကြည်သူတို့သည် သတေဖန် အသတ်ခံရချိန်၌ဖြစ်ပေါ်လာသောနှိပ်စက် ညှဉ်းဆဲမှုကြောင့် အရပ်ရပ်သို့ကွဲလွင့်သွား ကြ၏။ ထိုသူအချို့တို့သည်ဖိနိတ်ပြည်၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့သို့တိုင်အောင် ရောက်ရှိကြ၏။ သူတို့သည်ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုယုဒအမျိုး သားတို့အားသာဟောပြောကြ၏။-
အသင်းတော်ဝင်တို့သည်ထိုကိုယ်စားလှယ်အဖွဲ့ အား မြို့ပြင်သို့ရောက်အောင်လိုက်ပို့ကြ၏။ ထို အဖွဲ့သည်ဖိနိတ်ပြည်နှင့်ရှမာရိပြည်တို့ကို ဖြတ်သွားစဉ် လူမျိုးခြားတို့ဘုရားသခင်ထံ သို့ပြောင်းလဲလာကြပုံကိုပြောပြကြသဖြင့် ညီအစ်ကိုအပေါင်းတို့သည်လွန်စွာဝမ်းမြောက် ကြ၏။-
သင်တို့အားငါမှစ၍သိလွာနုနှင့်တိမောသေ တို့ဟောပြောကြေညာခဲ့သောဘုရားသခင်၏ သားတော်ယေရှုခရစ်သည်တစ်ချိန်တည်းမှာပင် ``ဟုတ်မှန်သည်'' ဟူ၍လည်းကောင်း၊ ``မဟုတ် မမှန်'' ဟူ၍လည်းကောင်းဖော်ပြတော်မူသော အရှင်မဟုတ်။ စင်စစ်အားဖြင့်ကိုယ်တော်သည် ဘုရားသခင်၏ ``ဟုတ်မှန်သည်'' ဖြစ်တော်မူပေ သည်။-
ငါသည်ဤစာတိုကလေးကိုသိလွာနု၏အကူ အညီဖြင့် သင်တို့ထံသို့ရေးသားပေးပို့လိုက်၏။ သူသည်သစ္စာရှိသောညီအစ်ကိုဟုငါမှတ်ယူ၏။ သင်တို့အားတိုက်တွန်းအားပေးစကားပြောကြား ရန်နှင့် သင်တို့ခံစားရသည့်ကျေးဇူးတော်သည် ဘုရားသခင်၏ကျေးဇူးတော်အစစ်အမှန် ဖြစ်ကြောင်းကိုသက်သေခံရန် ဤစာကိုရေးပို့ လိုက်၏။ ထိုကျေးဇူးတော်တွင်ကြံ့ခိုင်စွာ ရပ်တည်ကြလော့။